Main menu

Background

တရုတ်ချင်းစိုက်ပျိုးသူများ ကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် ဈေးကောင်းရရှိ

Mon, 11/14/2011 - 04:56 -- Anonymous (not verified)

                  ထိုက်သင့်တဲ့ဈေးပေးတဲ့ ပြုပြင်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ စာချုပ်ထားတဲ့အတွက် မနှစ်ကထက် ဝင်ငွေကျဆင်းပေမယ့် ကံကောင်းခဲ့တယ်လို့ တရုတ်နိုင်ငံ ရှန်ဒေါင်း ပြည်နယ် အရှေ့ဘက်မှာရှိတဲ့ Laiwu  မြို့ Zhangli  ရွာမှ ၅၂ နှစ်အရွယ် ချင်း စိုက်ပျိုးသူ Zhu Hergjun က ပြောကြားပါတယ်။ ယခုနှစ်အခြား ချင်းစိုက်ပျိုးသူတွေလို ဆုံးရှုံးမှု မကြီးမားကြောင်းလည်း ၎င်းကဆိုပါတယ်။                      လတ်တလော Laiwu  မှာ ချင်းကို ၇၀ ရာခိုင်နှုန်း စိုက်ပျိုးပြီး တောင်သူများနဲ့ လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှု တိုးတက်နေပြီလို့ Laiwu ရဲ့ Laichengခရိုင် ဒုတိယအကြီးအကဲဖြစ်သူ Diao Yuzhao မှ ပြောကြားပါတယ်။ ယင်းမြို့နယ်မှာ တရုတ်နိုင်ငံချင်းစိုက်ပျိုးမှုရဲ့၂၀ရာခိုင်နှုန်းရှိတဲ့ဟက်တာ ၁၂၀၀၀ကိုချင်းစိုက်ပျိုးပါတယ်။ ဇ့က ရဲ့ချင်းစိုက်မြေ ၁၃၃၀ စတုရန်းမီတာမှ ချင်းကီလို ၆၀၀၀ ကို တစ်ကီလို ၁ ဒသမ ၄ ယွမ် (ကန်ဒေါ်လာ ၂၂ဆင့်)ဈေးနဲ့ အောက်တိုဘာလလယ်မှာ ဒေသ တွင်းကုမ္ပဏီကို ရောင်းချခဲ့တာဖြစ်ပါတယ်။ ၎င်းအနေနဲ့ ငွေများစွာ မဝင်ပေမယ့် ၎င်းရဲ့ ကုန်ကျစရိတ် ယွမ် ၈၀၀၀ (ကန်ဒေါ်လာ ၁၂၆၂)အတွက် မျှတအောင် ဖန်တီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်များအတွင်း တရုတ်တောင်သူများဟာ ဈေးနှုန်း ရုတ်တရက် အပြောင်းအလဲရှိတဲ့ ချင်း၊ ကြက်သွန်ဖြူနဲ့ ပဲတီစိမ်း လိုသီးနှံများ ကြောင့်ထိခိုက်မှုရှိခဲ့ပါတယ်။                      မကြာသေးခင်နှစ်များအတွင်း ချင်းဈေးမြန်ဆန်စွာ မြင့်တက်ခဲ့တဲ့အတွက် ချင်း စိုက်တောင်သူအရေအတွက် တိုးပြီး ပိုစိုက်လာခဲ့ပေမယ့် အောက်တိုဘာ လနှောင်း ပိုင်း မှာတော့ ၂၀၁၀ ခုနှစ်ကာလတူထက် ချင်းဈေး ၇၀ ရာခိုင်နှုန်း ကျော်ကျဆင်းခဲ့ပါ တယ်။ ချင်းအဓိကထားစိုက်ပျိုးတဲ့ Laiwu  မှာ တောင်သူများဟာ ဈေးနှုန်းအတက် အကျဒဏ်မခံရအောင်အာမခံချက်ရှိတဲ့ ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီများနဲ့ ဆက်သွယ် ပြီး၊ ချင်းများ ရောင်းချခဲ့တာ ဖြစ်ပါတယ်။                        ကုမ္ပဏီများနဲ့ ပူးပေါင်းရောင်းချဖို့ လုပ်ငန်းရှင်များဟာ မြေအသုံးပြုခွင့်ရရှိရေး တောင်သူများနဲ့ စာချုပ်များ ချုပ်ဆိုခဲ့ပါတယ်။ အဲဒီကုမ္ပဏီများဟာ ၎င်းတို့အကျိုး အတွက် ချင်းစိုက်ပျိုးဖို့ အဲဒီတောင်သူတွေနဲ့ လုပ်ကိုင်ပါတယ်။ ဒါကြောင့်တောင်သူ များ ဟာ မြေငှားရမ်းခြင်းအတွက် အခကြေးငွေရရှိခြင်းအပြင် သတ်မှတ်ထားတဲ့ လစာ လည်း ရရှိပါတယ်။ Laiwu ရှိ Gorgjiazhuang ရွာမှ ချင်းတောင်သူ Shen Guihai  ဟာ အဲဒီပူးပေါင်းဆောင်ရွက်တဲ့အကျိုး ခံစားရရှိနေပါတယ်။                ၎င်းဟာ Laiwu Manhing Vegetables Fruits  ကုမ္ပဏီအတွက် ၎င်းရဲ့မြေယာ အားလုံးကို ၂၀၀၇ ခုနှစ်ကတည်းက ချင်းစိုက်ပျိုးခဲ့ရာ ယင်းကုမ္ပဏီကို မြေငှားရမ်းခြင်း အတွက် ယွမ် ၁၂၀၀ (ကန်ဒေါ်လာ ၁၈၉) အပါအဝင် နှစ်စဉ် ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၅၇၈)ရရှိခဲ့ပါတယ်။ အရင်က ပြောင်းနဲ့ မြေပဲသီးနှံစိုက်ပျိုးရာမှာ တစ်နှစ်ကို ယွမ် ၄၀၀ (ကန်ဒေါ်လာ ၆၃)သာရရှိတယ်လို့ Shen  က ဆိုပါတယ်။                   အခြားချင်းအဓိကစိုက်ပျိုးတဲ့ Arqiu  မြို့မှာ တောင်သူများ အဲဒီလိုပူးပေါင်းဆောင် ရွက်မှု မရှိတဲ့အတွက် Laiwu မှ တောင်သူများလို အကျိုးအမြတ်မရရှိတဲ့အပြင် ဈေးနှုန်း ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရပါတယ်လို့ ဆိုပါတယ်။အဲဒီလို ဈေးကျဆင်းလာခြင်းဟာ ယခင်နှစ်ဈေးအလွန်အမင်းမြင့်တက်ခဲ့ချိန် ချင်းစိုက်ဧရိယာတွေ တိုးချဲ့ခဲ့တဲ့အတွက် ရောင်းချမှုများပြီး၊ ဈေးကျဆင်းလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။  Shandong မှာ ချင်း ထုတ် လုပ်မှုဟာ ရာသီဥတု ကောင်းပြီး မိုးရွာသွန်းမှုကြောင့် ယခုနှစ်မှာ ၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ Laiwu မှာ ချင်းထုတ်လုပ်မှုက ၆၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။                     ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ရှန်ဒေါင်းဒေသမှ ချင်းစိုက်ပျိုးသူအားလုံးဟာ Laiwu  ဒေသမှာ ဆောင်ရွက်နေသလို အကြီးစားမော်ဒယ်များ လုပ်ဆောင်သင့်ပြီလို့ ရှန်ဒေါင်း စီးပွားရေး စီမံခန့်ခွဲမှုတက္ကသိုလ်မှ ဒါရိုက်တာ Nie Binghua  က ပြောကြားပါတယ်။                   တောင်သူတစ်ဦးချင်းအနေနဲ့ လုံလောက်တဲ့ဈေးကွက်အချက်အလက် မရရှိနိုင်ဘူးလို့ ဆိုပါတယ်။ လက်ရှိ Laiwu မှာ ချင်းပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီ ၃၈၀ ရှိပြီး၊ အဲဒီထဲမှာ Manhing Vegetables Fruits  ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ ချင်းတင်ပို့မှု အကြီးမားဆုံး ဖြစ်ပါတယ်။ ယင်းကုမ္ပဏီဟာ မြေဟက်တာ ၄၀၀ ခန့် ငှားရမ်းခွင့်ရရှိထားပြီး စုစုပေါင်း ချင်းစိုက်ဧရိယာ ဟက်တာ ၂၀၀၀ စိုက်ပျိုးဖို့ တောင်သူ ၁၀၀၀ ကျော်နဲ့ စာချုပ်ထားပါ တယ်။အကြီးစား လယ်ယာလုပ်ငန်းဟာကုမ္ပဏီအကျိုးအတွက်သာမကနည်းပညာ အသစ် များ အသုံးပြုခြင်းဖြင့် အထွက်လည်း တိုးမှာ ဖြစ်လို့ တောင်သူများလည်း ဝင်ငွေ ပိုမို ရရှိနိုင်မှာ ဖြစ်ပါတယ်။                     ယခုနှစ် ပထမ ၉ လအတွင်း ယင်းကုမ္ပဏီမှ ချင်းနဲ့ ဆက်စပ်ထုတ်ကုန် တင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၀ သန်း ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ ယင်းကုမ္ပဏီထုတ်ကုန်များ ဟာ ဗြိတိန်စူပါမားကက်များနဲ့ ဥရောပနိုင်ငံများရှိ စတိုးဆိုင်များမှာ ရရှိနေပြီဖြစ်ပါ တယ်။ အဲဒီလိုဈေးကွက်ကြီးများ ရရှိထားပြီးဖြစ်လို့ ချင်းဈေးကွက်ပေါက်ဈေး နိမ့်ကျပေ မယ့်တောင်သူတွေကို ထိုက်သင့်တဲ့ဈေးနဲ့ ကုမ္ပဏီက ဝယ်ယူနိုင်ခြင်းဖြစ်ပါတယ်။ ယင်း ကုမ္ပဏီနဲ့ ဆက်စပ် ဆောင်ရွက်နေတဲ့ တောင်သူများကို ဈေးကွက်ပေါက်ဈေးထက် ၁၀ ဆ ပိုပြီး ဝယ်ယူပေးတယ်လို့ Manhing ကုမ္ပဏီ မန်နေဂျာ Zharg Huayu  မှ ပြော ကြားပါတယ်။ ယမင်းခင်၊Source: Chinadaily.com