Main menu

Background

နနွင်း ၃၉ တန်တင်ပို့

Mon, 11/14/2011 - 04:59 -- Anonymous (not verified)

                   နိုဝင်ဘာလ ပထမပတ်အတွင်း နနွင်း ၃၉ တန်ကို ပင်လယ်ရေကြောင်း လမ်းမှ တင်ပို့ခဲ့ပါတယ်။ အိန္ဒိယကို ၃၃ တန်နဲ့ ကိုရီးယားကို ၆ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၄ တန်သာ တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ ပိုမိုတင်ပို့နိုင် တာတွေ့ရပါတယ်။ အောက်တိုဘာလအတွင်း နနွင်း ၂၇ တန်ကို စင်ကာပူ၊ ကိုရီး ယား၊ မလေးရှားစတဲ့ နိုင်ငံတွေကို တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာလ နနွင်းတင်ပို့ မှုက တန်ချိန် ၈၀ နီးပါးရှိခဲ့တာကြောင့် အောက်တိုဘာလမှာ နနွင်းအပို့ လျော့ခဲ့ ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၅၅၀ ဝန်းကျင်ရရှိခဲ့လို့ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)