Main menu

Background

ဝယ်လိုအားနည်းခြင်း၊ ကြိုပွိုင့်ဈေးကျဆင်းခြင်းတို့ကြောင့် အိန္ဒိယနနွင်းလက်ငင်း ဈေးပါကျဆင်း

Mon, 11/14/2011 - 05:00 -- Anonymous (not verified)

                   အိန္ဒိယနနွင်းအဓိက ဈေးကွက်များမှာ အမှာအော်ဒါများ လျော့ခြင်းနဲ့ ကြိုပွိုင့်ဈေးအားနည်းခြင်းတု့ိကြောင့် နနွင်းလက်ငင်း ဈေးပါ ကျဆင်းခဲ့ပါတယ်။ ၄ ရက်ကြာပိတ်ရက်များအပြီး၊ နနွင်းတောင်သူများဟာ ဈေးအမြင့်မှန်းပြီး၊ ဈေးကွက်ကို နနွင်း ယူလာကြပေမယ့် နနွင်းဈေးတစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၀)ခန့် ကျဆင်းခဲ့ပါတယ်။ ဝင်ရောက်လာတဲ့ နနွင်း ထဲမှာ အိတ် ၉၈၀၀ သာရောင်းချရတယ်လို့ အီရော့နနွင်းကုန်သည်များ အသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။                   အခြားဒေသများမှ ဝယ်လိုအားနည်းတာကြောင့် ကုန်သည်များဟာ အမှာအော်ဒါအနည်းငယ်သာ ရရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဈေးအနိမ့်နဲ့ ပမာဏအကန့်အသတ်သာ ဝယ်ယူကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကြိုပွိုင့် ဈေးကွက်လည်း တစ်တန်ရူပီး ၅၀၀၀(ကန်ဒေါ်လာ ၁၀၀)ခန့်ကျဆင်းခဲ့ပါတယ်။ ကျေးလက်ဒေသများမှာ မိုးသည်း ထန်စွာ ရွာသွန်းတာကြောင့် တောင်သူအများစုဟာ ဈေးကွက်အတွင်း နနွင်းသယ်ဆောင်လာခြင်း မရှိဘူးလို့ ဆိုပါတယ်။ တောင်သူများလက်ထဲမှာ လက်ကျန်အိတ်ပေါင်း ၈ သိန်းကျော်ထိ သိုလှောင်ထားဆဲဖြစ်ကြောင်း၊ အချို့တောင်သူများဟာ လက်ရှိ ရွာသွန်းနေတဲ့ မိုးကြောင့် အချို့ဒေသနနွင်းစိုက်ပျိုးမှုကို ထိခိုက်ပြီး၊ နောက်နှစ် အထွက်ကျဆင်းနိုင်တဲ့အတွက် ဈေးနှုန်း မြင့်တက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့်လည်း အချို့ တောင်သူများ သိုလှောင်မှုကို ထိန်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။                     ဟင်းသီးဟင်းရွက်ဌာနမှ အရာရှိများပြောကြားတာကတော့ မိုးရွာသွန်းမှုကြောင့် နနွင်းပင်အနည်းငယ်သာ ရေနစ်မြုပ်တာကြောင့် အထွက်နှုန်းကျဆင်းနိုင်ခြင်းမရှိပါဘူးလို့ ဆိုပါတယ်။ အခြားနနွင်းအမျိုးအစားများ တစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၀) ကျဆင်းပေမယ့် စပ်မျိုးနနွင်းလက်ချောင်းဈေးက မြင့်တက်ပါတယ်။ နနွင်းဈေးကွက်အတွင်း ဝင်ရောက်မှု ကျဆင်းမယ်ဆိုရင် ဈေးမြင့်တက်နိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အကယ်လို့ နနွင်းအိတ် တစ်သောင်းကျော် ဝင်ရောက်ရင် နနွင်းဈေး ထပ်မံ ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အီရော့ နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၃၅၀၀၀-၅၀၈၉၀ (ကန်ဒေါ်လာ ၇၀၀-၁၀၁၈)ရှိပြီး၊ နနွင်းဥဈေးက တစ်တန် ရူပီး ၃၃၆၀၀-၄၆၉၅၀ (ကန်ဒေါ်လာ ၆၇၂-၉၃၉) ရှိပါတယ်။ ယမင်းခင်၊Source: hindubusiness