Main menu

Background

အာရှဒေသထွန်းသစ်စနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် လာမည့်လေးနှစ်အတွင်း ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှု ပိုမိုမြင့်မားလာဦးမည်ဟု OPEC ခန့်မှန်း

Mon, 11/14/2011 - 05:16 -- Anonymous (not verified)

                         အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေက အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက် မှုတွေဖြစ်ပေါ်စေခြင်း၊ အီတလီနိုင်ငံ ဝန်ကြီးချုပ် ဘာလူစကိုနီ ရာထူးမှ နုတ် ထွက်ဖို့ ကမ်းလှမ်းလိုက်ရာ ဥရောပသမဂ္ဂရဲ့ကြွေးမြီအကျပ်အတည်းကို ဖြေ ရှင်းဖို့ နီးစပ်လာပြီလိ့ု ယူဆကြခြင်း နဲ့ ယခင်အပတ်က အမေရိကန်မှာ လောင်စာဆီသိုလှောင်ထားရှိမှု လျော့ ကျသွားခြင်းတို့ကြောင့် နယူးယောက် မှာ ရေနံစိမ်းဈေးနှုန်းတွေ ၆ ရက် မြောက်နေ့အဖြစ် မြင့်မားလာတယ်။                              ဒီဇင်ဘာလ အရောက်ပို့ရမယ့် ရေနံ စိမ်းက တစ်စည်ကို ၅၂ ဆင့် မြင့်မား လာပြီး ၉၇ ဒသမ ၃၂ ဒေါ်လာနဲ့ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး (Nymex) မှာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်။ ဒီဇင်ဘာလငွေချေရမယ့် ဘရန့် အမျိုးအစားရေနံစိမ်းမှာလည်း တစ် စည်ကို ၅၉ ဆင့် (သုည ဒသမ ၅ ရာခိုင်နှုန်း) မြင့်မားကာ ၁၁၅ ဒသမ ၅၉ ဒေါ်လာနဲ့ လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ လက်ရှိကာလမှာ ဥရောပဒေသက ကြွေးမြီအကျပ်အတည်း ကြုံတွေ့နေရပြီး အမေရိကန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေသော်လည်း အာရှမှ ထွန်းသစ်စနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကြောင့် လာမယ့် လေးနှစ် အတွင်း ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှုက ၅ ဒသမ ၃ ရာခိုင်နှုန်းမြင့်မားကာ တစ်ရက်ကို ရေနံစည်ပေါင်း ၉၂ ဒသမ ၉ သန်းထိ ရောက်ရှိလိမ့်မယ်လိ့ု OPEC မှ နိုဝင်ဘာ ၈ ရက်ထုတ်ဝေတဲ့ နှစ်အလိုက် ကမ္ဘာ့ရေနံစိမ်း အလားအလာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Source:Bloomberg.comပပ