အောက်တိုဘာမှာအဝင်ပို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်တာကာလအတွင်း ဓာတ်မြေ သြဇာတန်ချိန် ၄၂၅ ဒသမ ၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းငါး သောင်းနီးပါးကို ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘူဂေးရီးယားမှ ကွန်ပေါင်းမြေသြဇာ ၄၂၅ တန်နဲ့ တရုတ်နိုင်ငံမှ AMINO Acid သုည ဒသမ ၂၀ တန်မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာ တင်သွင်းမှုက တန်ချိန် ရှစ်ရာခြောက်ဆယ်ကျော် တင်သွင်းခဲ့ပြီး ဒီတစ်ပတ် ဓာတ်မြေသြ ဇာအဝင်နဲ့ယှဉ်ရင် တန်ချိန်ထက်ဝက်မျှလျော့နည်းခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ ဓာတ်မြေသြဇာအဝင် စုစုပေါင်းတန်ချိန်မှာ သုံးထောင်ကျော်ရှိခဲ့ပြီး စက်တင်ဘာလရဲ့ ဓာတ်မြေသြဇာအဝင် မှာစုစုပေါင်း တန်ချိန် တစ်ထောင့်ခုနစ်ရာကျော် ရှိခဲ့တာကြောင့် အောက်တိုဘာလ မှာ ဓာတ်မြေသြဇာ အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) ရာသီချိန်မဟုတ်၍ နယ်စပ်မှ ဓာတ်မြေသြဇာ တင်သွင်းမှုလျော့ကျလျက်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်များဖြစ်တဲ့ မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ အမျိုးအမယ်စုံ ၈၀၄၈ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၁၄၈၀ ကျော် လျော့နည်းတင် သွင်းခဲ့တာ တွေ့ရပါတယ်။ ရာသီချိန်မဟုတ်တဲ့အတွက် မူဆယ်မှတင်သွင်းမှု သိသိသာသာ လျော့နည်းခဲ့တဲ့အပြင် ကန်ပိုက်တီးနဲ့ စစ်တွေနယ်စပ်များမှလည်း ဓာတ်မြေသြဇာ အသွင်းမရှိခဲ့ပါဘူး။ ရိဒ်နဲ့ ကော့သောင်းနယ်စပ်တွေမှ ယခင်အပတ်က ထက်တင်သွင်းမှု အနည်းငယ်ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများမှာ မူဆယ်မှ ၇၇၉၆ တန်၊ ရိဒ်မှ ၂၁၇ တန်ကျော်နဲ့ ကော့သောင်းမှ ၃၄ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ တီစူပါကွန်ပေါင်း၊ NPK 10:10:5 နဲ့ 13:5:7တို့ဖြစ်ပြီး ရိဒ်နယ်စပ်မှ ယူရီးယားနဲ့ ပိုတက်ရှ်တို့ ပုံမှန်အသွင်းရှိတာ ဖြစ်ပါတယ်။ ဧပြီလမှ အောက်တိုဘာထိ ဓာတ်မြေသြဇာတန် ၄၃၀၁၃၆ ကျော် နယ်စပ်မှ တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၆၅၀၀ ၂၇၅၀၀ ပိုတက် (တရုတ်) ၂၆၀၀၀ ၂၈၀၀၀ ပိုတက် (ထိုင်း) ၃၆၅၀၀ ၃၃၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၁၉၄၀၀ ၁၉၂၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၄၀၀ ၂၀၃၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၀၀၀၂၈၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၀၀၀ ၃၇၀၀၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယး (ပုလဲ-ပန်းဖူး) ၂၂၀၀၀ ၂၂၀၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၀၅၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၀၅၀၀ တီစူပါ-(တရုတ်) 12% ၉၀၀၀ ၉၀၀၀ တီစူပါ-(တရုတ်) 16% ၁၀၀၀၀ ၁၀၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၀၀၀ ၃၅၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀ ၁၆၀၀၀ ပိုတက် (တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ဓာတ်ဆား (တရုတ်) ၁၉၅၀၀ ၁၉၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၅၀၀ ၂၃၅၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၄၀၀၀၀ ၄၀၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၀၀၀ ၃၄၀၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၃၂၀၀၀ ၃၂၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၉၀၀၀ ၂၉၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT (MAPT)
Background