Main menu

Background

ပြည်တွင်းဈေးကွက် ဈေးနှုန်း (ဘိလပ်မြေ)

Mon, 11/14/2011 - 06:18 -- Anonymous (not verified)

ဘိလပ်မြေတန်ချိန် တစ်သောင်းခုနစ်ထောင်ကျော်ဝင်                  ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် ၁၇၄၅၂ ဒသမ ၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်း ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေမှာ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၇၂၈၉နဲ့ အခြား ဘိလပ်မြေ တန်ချိန် ၁၆၃ ဒသမ ၂၀ ဖြစ်ပါတယ်၊၊ တင်သွင်းခဲ့တဲ့နိုင်ငံမှာ ထိုင်းနဲ့ မလေးရှား ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ တင်သွင်းမှုမှာ တန်ချိန် နှစ်သောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်အား တန်ချိန် သုံးထောင်လောက်နီးပါး လျော့နည်းခဲ့ပါတယ်။                    အောက်တိုဘာလရဲ့ ဘိလပ်မြေအဝင်ကို ကြည့်မယ်ဆိုရင် တန်ချိန် ငါးသောင်းလေးထောင်ကျော်သာ တင်သွင်းနိုင်ခဲ့ပြီး ယခင်စက်တင်ဘာလရဲ့ ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သိန်းသုံးသောင်းကျော်ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ ဘိလပ်မြေတင်သွင်းမှုအား တော်တော်လေး လျော့နည်းခဲ့တာ တွေ့ရ ပါတယ်။MIRT (DOT) နယ်စပ်မှ ယခုအပတ် ဘိလပ်မြေအသွင်းကျ                    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်စခန်းများမှ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ဘိလပ်မြေတန် ၁၄၄၀ ကျော် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၈၆၆ တန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ် အလိုက် ဘိလပ်မြေတင်သွင်းမှုများမှာ တာချီလိတ်မှ ၈၃၆ တန်ကျော်၊ ကန်ပိုက်တီးမှ ၅၅၅ တန်နဲ့ မောင်တောမှ တန် ၅၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် လျော့နည်းရခြင်းမှာ ကန်ပိုက်တီးနဲ့ မောင်တောစခန်းများမှ အသွင်းပိုသော်လည်း တာချီလိတ်မှ အသွင်းလျော့တဲ့အပြင် မြိတ်မှ ယခုအပတ်အသွင်းမရှိခဲ့၍ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဘိလပ်မြေ ၆၆၆၅၅ တန်တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်  တိုင်းဒေသကြီး/ ပြည်နယ်   အမျိုးအစား           ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း      ၄၆၅၀    ၄၆၅၀  (လက်ကား)  ဘိလပ်မြေ (စိန်)     ၄၆၀၀     ၄၆၀၀    ဘိလပ်မြေ (မောင်းတိန်း)     ၄၃၅၀    ၄၃၅၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း      ၅၆၀၀   ၅၆၀၀   ဘိလပ်မြေ (AAA)      ၅၃၀၀   ၅၃၀၀   ဘိလပ်မြေ(မြန်မာဆင်)     ၄၈၀၀   ၅၂၀၀   ဘိလပ်မြေ(ဆင်မင်း)    ၄၄၀၀    ၄၇၀၀   ဘိလပ်မြေ(ကျားခေါင်း)     ၅၁၀၀   ၅၂၀၀   ဘိလပ်မြေ(မြင်းခေါင်း)    ၄၃၀၀   ၄၉၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း    ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း     ၅၇၀၀   ၅၇၀၀   ဘိလပ်မြေ(မြင်းခေါင်း)   ၄၅၀၀    ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း    ၆၇၀၀    ၆၇၀၀   ဘိလပ်မြေ(ခြင်္သေ့)    ၅၃၀၀   ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)    ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(နဂါး)    ၅၂၀၀   ၅၂၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း     ၅၄၀၀    ၅၄၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး     ၃၄၅၀   ၃၅၀၀   ဘိလပ်မြေ(စိန်)ထိုင်း    ၅၃၀၀  ၅၃၀၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း     ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)    ၄၃၀၀    ၄၃၀၀                                                                          MIRT (MAPT)