Main menu

Background

ဝယ်လိုအား ကောင်းတာကြောင့် မလေးရှားစားအုန်းဆီဈေး မြင့်တက်

Mon, 11/14/2011 - 06:29 -- Anonymous (not verified)

                 ဝယ်လိုအားကောင်းပြီး လက်ကျန်စားအုန်းဆီပမာဏ ကျဆင်းမှုကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေး ၃ လ အတွင်း အမြင့်ဆုံးကို မြင့်တက်ခဲ့ပါတယ်။ လာမယ့်လများမှာ စားအုန်းဆီအထွက်လျော့ကျဖွယ် ရှိတာ ကြောင့်လည်း ဈေး အတက်ဘက် ဦးတည်လာတာဖြစ်ပါတယ်။                  ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလအခြေခံစံနှုန်းကြိုပွိုင့်ဈေးဟာ သြဂုတ်လ ၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန် ရင်းဂစ် ၃၁၃၀ (ကန်ဒေါ်လာ ၉၉၄) ကို မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ပဲပုပ်ဆီ ကြိုပွိုင့်ဈေးကျ ဆင်းခြင်းနဲ့ ဥရောပကြွေးမြီအကျပ်အတည်းများကြောင့် ဈေးနှုန်းပြန်လည်ကျဆင်း ဖွယ်ရှိတယ်လို့လည်း အချို့က ခန့်မှန်းကြပါတယ်။                ယခုတစ်ပတ်အတွက် စားအုန်းဆီဈေးဟာ ၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ပဲပုပ်ဆီဈေးက ၂ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပါတယ်။ မလေးရှားအစိုးရရဲ့ နောက်ဆုံးအစီရင်ခံစာအရ ပြည်ပတင်ပု့ိမှု အားကောင်းခြင်းနဲ့ အထွက်လျော့ကျနေခြင်း တို့ကြောင့် လက်ကျန်ပမာဏဟာ ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ဆုံး ၃ လအတွင်း လာနီညာအကျိုးဆက်ကြောင့် မိုးရွာသွန်း ခြင်းက ရိတ်သိမ်းမှုလျော့ကျနိုင်တဲ့အတွက် ရောင်းလိုအား နည်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။                ရင်းနှီးမြှုပ်နှံသူများအနေနဲ့ လာနီညာနဲ့ပတ်သက်လို့ အရှေ့တောင်အာရှရဲ့ ရာသီဥတုအခြေအနေကို စောင့်ကြည့်လျက်ရှိခြင်းကြောင့် ယခုနှစ်ကျဆင်းနေခဲ့တဲ့ စားအုန်းဆီဈေးဟာ ၂၀ ရာခိုင်နှုန်းနီးပါးပြန်လည်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ။် ယုဇန၊ Source: Reuters