Main menu

Background

နှမ်းတင်ပို့မှု တန် တစ်ထောင်အောက်လျော့ကျ

Mon, 11/14/2011 - 06:38 -- Anonymous (not verified)

                   ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းကနှမ်းတင်ပို့မှုမှာ အပတ်စဉ်တန် တစ်ထောင်ကျော် အထက်မှာရှိခဲ့ပေမဲ့ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်းမှာတော့ တန်ချိန် ၈၈၀ ကျော်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူနဲ့ မလေးရှားတို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ နှမ်းတန်ချိန် ၆၀၀၀ ကျော်ရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၄၈၀၀ ခန့် ရှိတာ တွေ့ရပါတယ်။ ၂၀၁၀ အောက်တိုဘာလအတွင်းမှာ နှမ်းတန်ချိန် ၄၃၀၀ ကျော်သာ တင်ပို့ခဲ့လို့ ယခုနှစ် အောက်တိုဘာလမှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများ ပြောင်းလဲခြင်းမရှိဘဲ နိုဝင်ဘာလ ၁၁ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT- MAPT