Main menu

Background

နှမ်းနီညို အပို့ပိုပေမဲ့ ဖြူနက်အပို့လျော့

Mon, 11/14/2011 - 06:39 -- Anonymous (not verified)

              မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကန် ဒေါ်လာ ၂ ဒသမ ၅၁၃ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ တန် ၁၈၅၀ ခန့် အပို့ရှိခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၆၃၅ တန်အပို့လျော့ခဲ့ပါတယ်။ နှမ်းအရောင်အလိုက် ယခုအပတ် မူဆယ်မှ တင်ပို့မှုတွေကတော့ နှမ်းဖြူ ၇၂၅ တန်၊ နှမ်းနက် ၇၀၅ တန်၊ နှမ်းဖြူ အခွံချွတ် ၂၁၆ တန်၊ နှမ်းညို ၁၂၁ တန် နဲ့ နှမ်းနီ ၈၃ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူနဲ့ နှမ်းနက်အပို့လျော့ခဲ့ပြီး နှမ်းညိုနဲ့ နှမ်းနီ အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလထိ နယ်စပ်မှ နှမ်းရောင်စုံတန် ၄၆၈၇၀ ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။                                       မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု              ယခင်        ပြောင်းလဲမှု   %        ယခု       ယခင်   ပြောင်းလဲမှု       %နှမ်းဖြူ       ၈၃၁၅၁၆        ၉၅၀၉၃၃     ၁၁၉၄၁၇    ၁၃       ၁၂၉၆     ၁၂၉၆          -               -နှမ်းနက်     ၁၂၆၆၆၇၃   ၁၂၁၅၉၈၀        ၅၀၆၉၃     ၄        ၁၅၄၉     ၁၅၀၆        ၄၃              ၃နှမ်းညို        ၈၂၉၀၆၆      ၈၅၂၈၇၁       ၂၃၈၀၅      ၃         ၁၀၇၈     ၁၀၇၅         ၃            ၀ .၃MIRT (DOBT)