Main menu

Background

ယခင်နှစ်ကာလတူထက် နှမ်းတန် ၂၀၀၀ ကျော်တင်ပို့မှု ပိုမို

Mon, 11/14/2011 - 06:43 -- Anonymous (not verified)

                      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလမှာ ကန်ဒေါ်လာ ၁၉ သန်းခန့်တန်ဖိုးရှိ နှမ်းမျိုးစုံ ၁၃၈၆၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် ၃၇၃၇ တန်ကျော် တင်ပို့မှုလျော့နည်း ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန် ၂၀၆၀ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ဧပြီလမှ အောက်တိုဘာလထိကာလမှာ နှမ်းမျိုးစုံ တင်ပို့မှုကတော့ တန်ချိန် ၄၅၃၉၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန် ၁၁၃၇၀ ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ အခွန် ကောက်ခံမှုကို နှုန်းထားလျှော့ချပေးလိုက်ခြင်းနဲ့ နှမ်းနီနှမ်းညိုများ ပါတင်ပို့ခွင့်ပြုလိုက်ခြင်း တို့ကလည်း နှမ်းတင်ပို့မှုတိုးမြင့်စေတဲ့ အကြောင်းများဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံ ရွှေလီနဲ့ မိမိတို့ဘက်နဲ့ နှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်                   မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ယွမ်/တန်)နှမ်းဖြူ         ၈၈၄၅၇၀-၉၉၃၄၄၀                         ၇၈၀၀-၈၂၀၀နှမ်းနက်       ၉၉၃၄၄၀-၁၀၆၁၄၈၅                      ၉၅၀၀-၉၆၀၀               နှမ်းဖြူဈေးတစ်တန်လျှင် ယွမ် ၅၀၀ နှုန်းကျဆင်းနေပြီး နှမ်းနက် တစ်တန်ကို ယွမ် ၂၀၀ ဈေးပိုရလျက်ရှိပါတယ်။ ယခုလက်ရှိ မန္တလေး-မူဆယ် နှမ်းသယ်ယူစရိတ်မှာ ယခင်တစ်ပိဿာ ၄၇ ကျပ်မှ ယခုအခါ ၈၀ ကျပ်ထိမြင့်တက်နေတဲ့အတွက် အကျိုးအမြတ်အနည်းငယ်နဲ့သာ တင်ပို့နေရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ပွဲတော်ကာလများဖြစ်တဲ့အတွက် နှမ်းအဝယ်ရှိ သောရာသီဖြစ်တာကြောင့် ဈေးကွက်နဲ့ ဝယ်လိုအားရှိချိန်မှာ အမြတ်နည်းနည်းနဲ့အရေအတွက်များများရောင်းချကြလျက်ရှိ တယ်လို့သိရှိရပါတယ်။ Source:  နကသ၊ ဂန္ဓမာ