မတ်ပဲကို အိတ်စပို့အဆွဲပါးလို့ ဈေးဆင်းလာ
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၇၅၀၀၀ ၅၄၉၀၀၀၂ မုံရွာ ၁ ပိဿာ ၈၃၅ ၈၂၅၃ ပြည် ၁ ပိဿာ ၉၀၀ ၈၇၀၄ ဟင်္သာတ ၁ ပိဿာ ၈၆၅ ၈၁၅၅ မန္တလေး ၁ ပိဿာ ၈၀၀ ၈၀၀မတ်ပဲကို အိတ်စပို့အဆွဲပါးလို့ ဈေးဆင်းလာ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယပြည်တွင်းဈေးကွက်မှာ မတ်ပဲသစ်တွေ ဈေးကွက်ထဲသို့ ဝင်ရောက်လာမှုအပေါ် မြန်မာ့မတ်ပဲကို တွက်ချက် ဝယ်ယူမှုတွေရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်တန်ကို အနိမ့်ဆုံး ၅၄၉၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၆၉၀၀၀ ကျပ်အတွင်း တန် ၂၃၀၀ ခန့်သာ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ တန်ဆောင်တိုင်ပွဲတော်နဲ့ ကထိန်ပွဲရှိတာကြောင့် ဈေး ကွက်သို့လာရောက်ရောင်းဝယ်ကြတဲ့ ကုန်သည်တွေလည်း ပုံမှန် ထက်စာရင် နည်းလာသလို ပြည်ပဝယ်လက်ကလည်း မတ်ပဲကိုဈေး ချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးတွေကျလာပြီး အရောင်းအဝယ်ဖြစ်မှုပမာဏလည်း နည်းသွားတယ်လို့ ပဲကုန်သည် ကြီးတစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်လုံးနီး ပါးတန်ဆောင်တိုင်နဲ့ ကထိန်ပွဲတော်ရှိတာကြောင့် ဈေးကွက်သို့ပဲအရောင်းအဝယ်ပြုလုပ်လိုသော ကုန်သည်များလာရောက်မှု တော်တော် နည်းနေပြီး ပဲဈေးကလည်း ဈေးနှုန်းသာရှိပြီး အရောင်းအဝယ်မဖြစ် ခဲ့ကြောင်း မြို့ခံကုန်သည်တချို့က ဆိုပါတယ်။ ပြည်ဈေးကွက်မှာမတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေး ကျနေတဲ့အပေါ်အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ် ၂၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာ ကို ၈၂၅ ကျပ်(တစ်တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့ ဈေးဖွင့်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည်များက ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်း နည်းခဲ့တယ်လို့ ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိပေမယ့် ဝယ်အား တော့ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၁၅ ကျပ် (တစ်တန်ကို ၄၉၉၀၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
