ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူများ အရောင်းများလို့ ဈေးကျလာ

ပြောင်းစဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ         ယခင်     ယခု ပြောင်းလဲမှု၁ တောင်ကြီး              ၁ ပိဿာ        ၂၂၀       ၂၁၅၂ လားရှိုး                   ၁ ပိဿာ         ၂၆၀       ၂၆၀၃ မူဆယ်                   ၁ တန်        ၂၁၈၁၂၀   ၂၁၆၂၃၅၄ မန္တလေး                 ၁ ပိဿာ        ၂၅၉        ၂၅၉၅ ဟင်္သာတ               ၁ ပိဿာ         ၃၀၀        ၃၀၀ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူများ အရောင်းများလို့ ဈေးကျလာ               တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်  ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်အပြင် ဒေသတွင်းအစာစပ်လုပ် ငန်းရှင်များကပါ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်း များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းးငယ်က်ကျလာပြီး တစ်ပိဿာကို ၂၁၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၇၀၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ။် မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်ဘက်က ဝယ်လို အားကောင်းနေပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်လှိုင်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ကထိန်ပွဲတော်ရှိတာကြောင့် ပြောင်း အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ။် ဟင်္သာတဈေး ကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းနေပေမယ့် ရန်ကုန်ဝယ်လက်ကတော့ တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။ လားရှိုှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က ဈေးချအဝယ် ရှိပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၆၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၅၃၇၅၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ် ဦးက ဆိုပါတယ်။