နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိနေ
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၁၉၁၂ ၁၉၁၂နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိနေ မကွေးဈေးကွက်မှာ နှမ်းဖြူ(ခြုံကျော်စ)နဲ့ ရိုးရိုးစကို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ(ခြုံကျော် စ)က တစ်ပိဿာ ၁၅၆၀ ကျပ်(တစ်တန်ကို ၉၅၅၃၂၈ ကျပ်)ရိုးရိုးစ က တစ်ပိဿာကို ၁၃၁၀ ကျပ်(တစ်တန်ကို ၈၀၂၂၃၀ ကျပ်)နဲ့ နေ့စဉ် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ မန္တလေးဝယ်လက်က နှမ်းဖြူ တစ်ပိဿာကို ၁၃၈၇ ကျပ် (တစ်တန်ကို ၈၄၉၃၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြားအဝယ်ရှိခဲ့ပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျလာကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပြီးခဲ့တဲ့ အပတ်က ဈေးအေးနေပေမယ့် တရုတ်ဝယ်လက် ဝယ်အားပုံမှန် ရှိခဲ့တဲ့ နှမ်းဖြူကတော့ ဒီတစ်ပတ်မှာ တန်ဆောင်တိုင်ပွဲတော်နဲ့ ကထိန်ပွဲတော်ရှိတာကြောင့် ဈေးကွက်သို့ အရောင်းအဝယ်ပြုလုပ်လိုတဲ့ နှမ်း ကုန်သည်ကြီးများ လာရောက်မှုနည်းလို့ အရောင်းအဝယ် မဖြစ်ခဲ့ ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေး ကွက်မှာ သိပ္ပံနှမ်းနက်က ဈေးကွက်သို့ ပစ္စည်းအဝင်နည်းနေသလို ရန်ကုန်ဝယ်လက်ကလည်း အဝယ်ပါးသွားတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာကို ၁၉၁၂ ကျပ်(တစ် တန်ကို ၁၁၇၀၈၈၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
