Main menu

Background

ကုန်စည်ဒိုင်သုံးသပ်ချက်

Mon, 11/14/2011 - 07:43 -- Anonymous (not verified)

                   မတ်ပဲ (ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများအပြင် ပြည်တွင်းပဲ ခွဲစက်တွေက ပြည်ပအဝယ်အားပျော့သွားတာကို အကြောင်းပြ ပြီး ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးကျလာကြောင်း တွေ့ရပါတယ်။                    ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်လက်က ပဲထွက်ရှိတဲ့ ဒေသရဲ့ ပဲအရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ပြည်နဲ့ မကွေးမှာ ဈေးအနည်းငယ်ကျ နေပြးီ မုံရွာ နဲ့ မြင်းခြံ ဈေးတန့်နေကာ အောင်လံတွင် ဈေးမဆိုသလောက် လောက်မြင့် နေတာ တွေ့ရပါတယ်။                       ပဲစင်းငုံနီကို အိတ်စပို့ဝယ်လိုအားများလာတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေး မြင့်နေကြောင်း တွေ့ရပါတယ်။                     ကုလားပဲဖြူလုံးကြီးကို ပြည်ပအဆွဲအေးနေပြီး ပြည်တွင်း မျိုးအတွက် ပြန်လည်ဝယ်ယူသူများသာ အနည်းငယ်ရှိလို့ ဘုရင့် နောင်၊ မုံရွာနဲ့ မြင်းခြံမှာ ဈေးကျ လာကြောင်း တွေ့ရပါတယ်။                       ထိုင်ဝမ်(ကုလားပဲ) ကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် အဆွဲပါးသွားသလို မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားနည်းသွားတာကြောင့် မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံ၊ မြင်းခြ၊ံ ပြည် နဲ့ ရေစကြိုမှာ ဈေးကျရိပ်သမ်း လာကြောင်း တွေ့ရ ပါတယ်။                         ပြောင်းကို တရုတ်နဲ့ ပြည်တွင်း အစာစပ်သမားများ ဝယ် အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် တောင်ကြီး၊ လားရှိုးနဲ့ မူဆယ်မှာ ဈေးကျနေပြီး မန္တလေးနဲ့ ဟင်္သာတမှာ ဈေးတန့်နေကြောင်း သိရပါတယ်။                        နှမ်းဖြူကို တရုတ်ဝယ်လက်က အရည်အသွေးပေါ် မူ တည်ပြီး စိစစ်ဝယ်ယူမှုတွေရှိတာကြောင့် မန္တလေးမှာ ဈေးတန့် နေပြီး မကွေးမှာ ဈေးအနည်းငယ်မြင့်နေကာ မုံရွာမှာ ဈေးအနည်းငယ်ကျနေကြောင်း တွေ့ရပါတယ်။                       သိပ္ပံနှမ်းနက်ကို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန် ဝယ်လက်က ဝယ်အားပါပျော့သွားတာကြောင့် အောင်လံမှာ ဈေးတန့် နေကြောင်း သိရပါတယ်။