နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီအချိန်က ဆိပ်ဖြူမြို့အခြေခံ အိမ်တွင်းမှုသင်တန်းကျောင်းမှာ ယောချောင်းဒေသ ရေဘေးသင့် တောင်သူများ ကြက်သွန်နီအချိန်မီစိုက်ပျိုးနိုင်ရန် ကူညီပံ့ပိုး နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ထူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ စားဖိုဆောင် သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း၊ ဒုတိယဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် များ၊ ရန်ကုန်ကြက်သွန်နီ ကုန်သည်ကြီးတွေ၊ ပခုက္ကူ၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်များမှ ဒေသခံ ကြက်သွန်နီ ကုန်သည်တွေ၊ ကြက်သွန်နီစိုက် တောင်သူတွေ စုစုပေါင်း ၁၅၀ ဦးခန့် တက် ရောက်ခဲ့ပါတယ်။ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ထူးက အမှာစကားပြောကြားရာမှာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုအရ ကြက်သွန်နီစိုက် တောင်သူတွေကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း၊ စိုက်ပျိုးသူတောင်သူတွေ မထိခိုက် စေရေးနဲ့ စားသုံးသူဖိစီးမှု မဖြစ်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တောင်သူတွေကို အတိုးနှုန်း သတ်မှတ်ပြီး ငွေချေးပေးခြင်းထက် ၎င်းတို့ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါက ပိုမိုကောင်းမွန်မှာဖြစ်ကြောင်း၊ တောင် သူကြီးပွားရင် ကုန်သည်ကြီးပွားမှာဖြစ်လို့ အခု တောင်သူတွေ အခက်အခဲဖြစ်နေချိန်မှာ ကုန်သည်တွေက ဝိုင်းဝန်းကူညီပေးသွားရန် လိုအပ် ကြောင်း၊ ကြက်သွန်နီ အခြေခံဈေးနှုန်းသတ်မှတ် ပြီး ရန်ကုန်ကုန်သည်နဲ့ ဒေသခံကုန်သည်တွေက ကုန်သည်အချင်းချင်း ချိတ်ဆက်ပြီး၊ ဒေသခံကုန် သည်က ဒေသခံတောင်သူတွေနဲ့ တိုက်ရိုက် ချိတ် ဆက်ပြီးမျိုး၊ သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်တွေ ပံ့ပိုး ကူညီပေးရမှာဖြစ်ကြောင်း၊ အထူးပြုကုမ္ပဏီတွေလို ပံ့ပိုးပေးတဲ့နည်းလမ်း၊ ပင်ထောင်ပေး၊ အလှန်းပေး၊ ကြိုတင်ပေးစတဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးကူညီနိုင်ရေး အတွက် ဝိုင်းဝန်းညှိနှိုင်းပြီးအဖြေရတဲ့အထိ ဆောင် ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီးမန်နေဂျာ၊ မြန်မာနိုင်ငံကြက် သွန်နီအသင်း ဒုတိယဥက္ကဋ္ဌနဲ့ တိုင်းကြက်သွန်နီအသင်းဥက္ကဋ္ဌတို့က ဆက်လက်ဆွေးနွေးကြပါတယ်။ အဲဒီနောက် ရန်ကုန် ကုန်သည်နဲ့ ဒေသခံ ကုန်သည်၊ တောင်သူတွေ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးကြပါတယ်။ ကြက်သွန်နီ တစ်ပိဿာ အခြေခံဈေးနှုန်း ၃၀၀ ကျပ်သတ်မှတ်ပြီး၊ ဒေသခံ ကုန်သည်တွေမှတစ်ဆင့် တောင်သူတွေအတွက် လိုအပ်တဲ့ မျိုး၊ သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်ငွေများ ပံ့ပိုးပေးနိုင်ရေး၊ ပြန်လည်ပေးအပ်ချိန်မှာ အခြေခံ ဈေးနှုန်းထက် နိမ့်ကျပါက ၃၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူရန် အခြေခံဈေးထက်မြင့်ပါက ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးအတိုင်းဝယ်ရန်၊ ပြန်လည် ပေးအပ်ချိန် မှာ ကြက်သွန်နီ ပေးအပ်လိုခြင်းမရှိပါက ကြက်သွန်နီအစား ပံ့ပိုးကူညီပေးခဲ့တဲ့ ငွေအရင်းအနှီး အတိုင်း (အတိုးမပါ) ပြန်လည်ပေးအပ်ရန်၊ ကြက်သွန်နီ ပြန်လည်ပေးအပ်ချိန်ကာလအား ကြက်သွန် နီပေါ်ချိန် ဧပြီ ၁၅ ရက်မှ မေ ၃၁ ရက်အတွင်း ပေးအပ်ရန်၊ ရန်ကုန် ကုန်သည်တွေမှ ဒေသခံကုန် သည်တွေထံသို့ ကြက်သွန်နီ အခြေခံဈေးနှုန်း တစ် ပိဿာ ၃၀၀ ကျပ်နှုန်းနဲ့ အရောင်းအဝယ်ပြုလုပ်မယ့် အရေအတွက်မှာ ပိဿာချိန် ၇ ဒသမ ၀၅ သိန်း၊ တန်ဖိုးငွေကျပ် ၂၁၁၅ သိန်းကြိုတင်ပေးပြီး စာချုပ်ချုပ်ဆိုဝယ်ယူရန် နှစ်ဦးနှစ်ဖက် ညှိနှိုင်း သဘောတူညီခဲ့ကြောင်း သတင်းရရှိပါတယ်။ T60
Background