Main menu

Background

မော်တော်ကား တင်သွင်းရောက်ရှိလာမှုဟာ ယခု ပထမဆုံးအသုတ်ဖြစ်တဲ့အတွက် အချို့ကွဲလွဲချက်တွေတော့ ရှိနိုင်ပါတယ် မူဘောင်အတွင်းက ဆောင်ရွက်ပေးနိုင်တာတွေကို OSS အဖွဲ့မှာ ညှိနှိုင်းပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်

Mon, 11/14/2011 - 07:58 -- Anonymous (not verified)

               မော်တော်ကား တင်သွင်းရောက်ရှိလာမှုဟာ ယခု ပထမဆုံးအသုတ်ဖြစ်တဲ့အတွက် အချို့ကွဲလွဲချက်တွေတော့ ရှိနိုင်ပါတယ် မူဘောင်အတွင်းက ဆောင်ရွက်ပေးနိုင်တာတွေကို OSS အဖွဲ့မှာ ညှိနှိုင်းပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်  ဦးသန်းအောင်ညွှန်ကြားရေးမှူး ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန            ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးတင်သွင်းခွင့်ပြုပြီး ပထမအသုတ်အနေနဲ့ ကားသင်္ဘောရောက်ရှိလာမှုနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို ကားတင်သွင်းခွင့်ပြုမယ့် သတင်းများနဲ့ပတ်သက်လို့ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ကုန်သွယ်မှု မူဝါဒဥပဒေလုပ်ထုံးလုပ်နည်းများ ဆိုင်ရာ  စိစစ်ဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်နဲ့ ကောမတ်စ်က တွေ့ဆုံ မေးမြန်းမှုကို ဖော်ပြလိုက်ပါတယ်-             ကားဟောင်းများကို အစားထိုးလဲလှယ်တဲ့ အစီ အစဉ်အရ သက်ဆိုင်ရာကားပိုင်ရှင်တွေကို တင်သွင်း ခွင့်ပါမစ်များ ထုတ်ပေးနေတယ်လို့ သိရပါတယ်။ အဲဒီ အစီအစဉ်အရ စုစုပေါင်းကားအစီးရေ ဘယ်လောက် တင်သွင်းမယ်လို့ ခန့်မှန်းပါသလဲ။                    ကားဟောင်းများ အစားထိုးလဲလှယ် တဲ့ အစီအစဉ်အရ ယာဉ်ဟောင်း " ပ"နံပါတ်အထိ အစားထိုးလဲလှယ်တင် သွင်းမှုကိုစုစုပေါင်းကားစီးရေ ၅သောင်း ကျော်တယ်လို့ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက် အရ သိရပါတယ်။               Used Car Sales Centers တွေ မကြာခင်မှာ ဖွင့်လှစ်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။ ဒီနေ့ အထိ ဘယ်နှစ်ဦးခန့် ဖွင့်ဖို့ စိစစ်ခွင့်ပြုပေးထားပြီးပါသလဲ။                  လတ်တလော ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ Sales Centers ဖွင့်လှစ်ဖို့အတွက် မြေပြင်စစ်ဆေးရေးအဖွဲ့ များ သွားရောက်စစ်ဆေးနေပြီ ဖြစ်ပါတယ်။ အချက်အလက် ပြည့်စုံစွာတင်ပြ လာတဲ့ လုပ်ငန်းရှင်များကိုလည်း ဆက် လက်စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။ ပြည်ပပို့ကုန်လုပ်ငန်းရှင်များကို လောလောဆယ် ကားတင်သွင်းခွင့် ပြုနေပြီလို့ အကြမ်းဖျင်း သိရပါတယ်။ ဘယ်လိုမူတွေနဲ့ ခွင့်ပြုပြီး ဘယ်လိုအချက်အလက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်ပါသလဲ။                      ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းမှာ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့အထက် ပြည်ပပို့ကုန်တင်ပို့ထားနိုင်လျင် ပို့ကုန် လုပ်ငန်းရှင်တွေကို မော်တော်ယာဉ် တစ်စီးစီ တင်သွင်းခွင့်ပြုဖို့ ပထမအဆင့် အနေနဲ့ ဆောင်ရွက်နေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၁ နဲ့ ၂၀၀၉-၂၀၁၀ဘဏ္ဍာ နှစ်တွေမှာ ကန်ဒေါ်လာ တစ်သိန်းနဲ့ အထက် ပြည်ပတင်ပို့နိုင်တဲ့လုပ်ငန်းရှင်တွေကိုလည်း ဒုတိယအဆင့်၊ တတိယ အဆင့်အနေနဲ့ ဆက်လက်ဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။                      သွင်းကုန်လုပ်ငန်းရှင်တွေကိုရော ကားတင်သွင်းခွင့် ပြုမယ်လို့ သိရပါတယ်။ ဘယ်တော့လောက် စတင်ပါမလဲ။ ဘယ်လိုမူတွေနဲ့ ခွင့်ပြုမယ်ဆိုတဲ့ အစီအစဉ် ကို သိပါရစေ။                       ပို့ကုန်လုပ်ငန်းရှင်တွေ ပြီးသွားရင် သွင်းကုန် လုပ်ငန်းရှင်တွေကိုလည်း ဆက်စဉ်းစားပေးဖို့ အစီအစဉ်တော့ ရှိပါတယ်။ ဘယ်လိုမူတွေနဲ့ ခွင့်ပြုနိုင်မယ်ဆိုတာကိုတော့ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့က ညှိနှိုင်းသုံးသပ်ပြီး ချထားပေးတဲ့ မူအတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။                      မကြာခင်က ရောက်ရှိလာတဲ့ ကားသင်္ဘောမှာ ပါလာ တဲ့ အစားထိုးယာဉ်ကို လဲလှယ်ရေးပါမစ်နဲ့ သွင်း လာတဲ့ ကားတွေထဲမှာ မူလတင်သွင်းစဉ်က ပါတဲ့အချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါ တယ်။ ၎င်းကိစ္စအပေါ် ဘယ်လို ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါသလဲ။                             မော်တော်ယာဉ်အဟောင်းနဲ့အစား ထိုးလဲလှယ်တဲ့အစီအစဉ်အရမော်တော် ကားတင်သွင်းမှုတွေနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဘဏ်၊ အကောက်ခွန် စတဲ့ အထူးပါမစ်ထုတ်ပေးရေး OSS အဖွဲ့မှ ညှိနှိုင်းပြီးဆောင်ရွက်ပေးပါတယ်။ မော်တော်ကားတင်သွင်းရောက်ရှိလာမှုဟာ ယခု ပထမဆုံးအသုတ်ဖြစ်တဲ့ အတွက် အချို့ကွဲလွဲချက်တွေတော့ရှိနိုင်ပါတယ်။ မူဘောင်အတွင်းက ဆောင်ရွက်ပေး နိုင်တာတွေကို OSS အဖွဲ့မှာ ညှိနှိုင်းပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ကားတင်သွင်းသူများအနေနဲ့ အခက်အခဲ ရှိရင် တင်ပြနိုင်ပါတယ်။ MIRT