အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၅ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၂၀၀၊ ကန်ဒေါ်လာ သုည ဒသမ ၈၀၃ သန်းဖိုး ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၃၇၀ တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ ထက်ဝက်နီးပါး တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ကျဆင်းနေ တာကြောင့် ရော်ဘာအထွက်ကောင်းတဲ့ ရာသီဖြစ်ပေမယ့်လည်း ဈေးနှုန်းကိုစောင့်ကြည့်နေတာကြောင့် တင်ပို့မှု လျော့နည်း ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်ကတော့ ၁၂၂၀ တန် အပို့ရှိခဲ့ပြီး ယခင်အပတ်ထက် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို ဒေါ်လာ ၃၆၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၃၅၀၀ ဈေး ပေါက်ကြောင်း သိရပါတယ်။ KSW
Background