မြန်မာတရုတ်နယ်စပ်ရှိမူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၂၂၀ ခန့် အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှRSS-3 ၄၂၄ တန်၊ RSS-5 တန် ၆၀၊ MSR -20 ၄၁၀ တန်ကျော်နဲ့ MSR -50 ၇၅ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၂၅၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက်RSS-3၊RSS-5၊ MSR -20 တို့ အပို့ပိုခဲ့ပြီးMSR -50 တော့ အပို့လျော့ခဲ့ပါတယ်။၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ နယ်စပ်မှာ ရော်ဘာ ၂၀၅၅၄ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာမြေပြင်ပေါက်ဈေး အနည်းငယ်စီ မြင့်တက်လျက်ရှိပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၁၈၈၆၁၂ ၃၁၈၈၄၈၈ ၁၂၄ ၀ .၀၀၃ ၃၉၅၂ ၃၉၄၉ ၃ ၀ .၁RSS - 5 ၂၉၁၉၈၁၂ ၂၉၁၉၆၈၈ ၁၂၄ ၀ .၀၀၄ ၃၇၉၄ ၃၇၉၁ ၃ ၀ .၁MIRT(DOBT)
Background