Main menu

Background

စစ်ကိုင်းကျောက်စိမ်းရောင်းဝယ်ရေးစခန်းအနီးရှိ ရွာလေးရွာမှ ပုတီးသွေးဖြတ်လုပ်ငန်းများ တစ်ပိုင်တစ်နိုင် အလုပ်ဖြစ်

Tue, 11/15/2011 - 04:35 -- Anonymous (not verified)

                စစ်ကိုင်းမြို့အနောက်ဘက်ရှိ ဆင်မြေရွာ၊ သဗြူးရွာ၊ ဒေါင်းမရွာ၊ မအူပင်ရွာ စတဲ့ ဒေသခံများဟာ တောင်သူလုပ်ငန်းအပြင် ကျောက်စိမ်းပုတီးသွေးဖြတ်လုပ် ငန်းများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်မှုများကြောင်း သိရပါတယ်။ဆင်မြေရွာမှ ကျောက် ဖြတ်သွေး လုပ်ကိုင်သူတစ်ဦးက " ဦးလေးအရင်က လက်သမားအလုပ်လုပ်တာ၊ လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်တည်လာတော့ တစ်ရွာလုံး နီးပါး ပုတီးဖောက်လုပ်ငန်းကိုပါ လုပ်လာကြတယ်။ တောင်သူအလုပ်လည်းလုပ် တယ်။ အိမ်မှာ မှီခိုနေတဲ့သူလည်း တစ်ပိုင်တစ်နိုင် ဝင်လုပ်ကိုင်တယ်။ ဒါကြောင့် ကျောက်ဖြတ်ခုံ ရှစ်ခုံနဲ့ အိမ်မှာပဲ အလုပ်လုပ်တယ်။ ခုံရှစ်ခုံဆို တစ်ရက်ကို ကျောက်ဖြတ်ခ ၄၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ကြား ရတယ်။ သွက်လက်တဲ့အပေါ် မူတည်ပြီးရတာ။ နေ့စားငှားရင် လက်သွက်တဲ့အပေါ် မူတည်ပြီး ၁၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်ကြား ပေးရတယ်။ ဒီအလုပ်က ခွန်အားသက်သာတယ်။ အရိပ်ထဲလုပ်ရတော့ လုပ်ကိုင်တဲ့သူများလာတာ။ တစ်ရက်သွေးတာတောင် သောင်းဂဏန်းရ တယ်။ တောင်သူအလုပ်ကတော့ ရာသီခွင်ပဲ လုပ်ရတာပေါ့" လို့ ပြောပါတယ်။ ကျောက်စိမ်းပုတီးကို အသေးဆုံးဆိုဒ် ၄ မီလီမီတာ၊ အကြီးဆုံးဆိုဒ် ၁၃ မီလီမီတာပြု လုပ်ရကြောင်း၊ အညံ့စား ပုတီးတစ်လုံး အသေးဆိုဒ် ၂ ကျပ်၊ အကြီးဆိုဒ် ၅ ကျပ်မှ ၁၀၀ ကျပ်ကြားတန်ဖိုးရှိ ပုတီးအများဆုံး ပြုလုပ်ရကြောင်း၊ ကျောက်ဖြတ်ခတစ်လုံး ၁၀ ကျပ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး