Main menu

Background

စစ်ကိုင်းမြို့ှ မြန်မာ့ကျောက်စိမ်းပုတီးဈေးကွက်သို့ တရုတ်နိုင်ငံသားများ အများဆုံး ဝယ်ယူမှုရှိ ဈေးနှိမ်ဝယ်နေ၍ စည်းလုံးညီညွတ်စွာ ရောင်းချသင့်

Tue, 11/15/2011 - 04:38 -- Anonymous (not verified)

                     စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးဘုရားလမ်းပေါ် ဘော်ဂါရပ် ကွက်မှာ ဆိုင်ခန်းပေါင်း ၁၂၀ နဲ့ ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်ပေါ်လျက်ရှိပါတယ်။ ကျောက်စိမ်းပုတီးဈေး ကွက်အတွင်းကို တရုတ်နိုင်ငံသား အများဆုံး လာရောက်ဝယ်ယူမှုရှိပြီး၊ ဈေးနှိမ်ဝယ်ယူနေတာကြောင့်အရောင်း အဝယ် ပြုလုပ်သူများက စည်းလုံးညီ ညွတ်မှုနဲ့ ရောင်းချမှသာ အမြတ်ရပြီး ဈေးကွက် ရေရှည်တည်တံ့နိုင်မှာဖြစ် ကြောင်း၊ ကျောက်စိမ်းပုတီးရောင်းဝယ် လုပ်ကိုင်သူ ဒေါ်အေးစိုးက ပြောပါ တယ်။                         ကျောက်စိမ်းပုတီးဈေးကွက်အတွင်း အရောင်းအဝယ်ပြုသူ ၂၀၀ ကျော်ရှိပြီး၊ နံနက် ၇ နာရီမှ ၉ နာရီအတွင်း ဈေးကွက် ဖြစ်တည်လျက်ရှိပါတယ်။ ယခုနှစ် တန်ခူးလနောက်ပိုင်းမှစပြီး ဈေးကွက် အေးလျက်ရှိတာကြောင့် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့်သာအရောင်းအဝယ် ပြုလုပ်ရကြောင်း သိရ ပါတယ်။                          စစ်ကိုင်းမြို့ ကျောက်စိမ်းအသား ကျောက်၊ ပန်းပု၊ ပုတီးလုပ်ငန်းကော် မတီအဖွဲ့ဝင် ဦးကျော်သန်းက " ဒီမှာ ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်နေတာ ၅ နှစ်ရှိပြီး ဈေးကွက်စဖြစ်စက တစ်ပိုင် တစ်နိုင်လုပ်တော့ ဈေးကွက်ကောင်း တယ်။ တဖြည်းဖြည်းနဲ့ ဒီလုပ်ငန်းလုပ်တဲ့သူများလာတဲ့အတွက် ဝယ်ရောင်း သမားများလာပြီး ဝယ်တဲ့သူကလည်း ဈေးနှိမ်ပြီး ဝယ်ယူတယ်" လို့ ဦးကျော်သန်းက ပြောပါတယ်။                        ကျောက်စိမ်းပုတီးကိုလက်ကောက် ပြုလုပ်တဲ့ ဘေးထွက်ပစ္စည်းမှထွက်တဲ့ အရိုင်းကျောက်ကို လက်မှုဖြင့် ပြန်လည် လုပ်ကိုင်လျက်ရှိရာ ယခုအခါ ကုန် ကြမ်း ရှားသွားခြင်းကြောင့် ပစ္စည်း အထွက် နည်းလာကြောင်း သိရပါ တယ်။                          ဒေါ်အေးစိုးက " ဈေးကွက်ထဲမှာ တစ်ဦးနဲ့တစ်ဦး စည်းလုံးမှုမရှိတော့ တရုတ်က ဈေးနှိမ်ဝယ်မှာပဲ၊ ကျောက် စိမ်းကို ဟင်းသီးဟင်းရွက် အပုံလိုက် ရောင်းချသလို ကျောက်စိမ်းအပုံလိုက် ရောင်းချနေတဲ့ အကောက်စနစ်ကို ပျောက်ကွယ်သင့်ပြီး ကိုယ့်ဘက်က ဈေးကိုတင်းခံပြီး မရောင်းနိုင်ဘူး။ စား ဝတ်နေရေး ရှိသေးတော့ ရတဲ့ဈေးနဲ့ ရောင်းနေကြတာ။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းအသင်းခွဲဖွဲ့တာ နှစ်လ ရှိပြီ၊ အဖွဲ့အစည်းနဲ့အဆင်ပြေအောင် ဆောင်ရွက်သွားဖို့ စည်းရုံးနေတယ်။                       သူတို့ဘက်က ကျောက်စိမ်းအပုံလိုက် ဈေးဖြတ်ပြီး၊ မကြိုက်တဲ့အလုံး ဖယ်ထား ပြီး ဈေးဖြတ်တယ်။ ကော်မရှင်လည်း ၅ ရာခိုင်နှုန်း ပြန်ပေးရတယ်။ ဒါ့အပြင် ဖယ်ထားတဲ့ပစ္စည်းလည်း အပိုယူသွား တယ်"လို့ ပြောပါတယ်။ စစ်ကိုင်းမြို့မှာ ကျောက်မျက် ရောင်းဝယ်ရေးစခန်း တရားဝင်ဝိုင်းကို ဆင်များရှင်ဘုရားဝင်းအတွင်းမှာ အခု နှစ်ကုန်ပိုင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး