ဟင်္သာတခရိုင် ကောက်စောစပါးဈေးကွက်

                    ဟင်္သာတ ခရိုင်အတွင်းတွင် ၂၀၁၁-၁၂ ခုနှစ်ထွက် မိုးစပါးစိုက်ဧက ၅ ဒသမ ၂၂ သိန်း စိုက်ပျိုးခဲ့ပြီး၊ အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ပြီး ကောက်စောစပါးများ ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရပါတယ်။ အင်္ဂပူမြို့နယ်မှာ ပုသိမ်၊ မုံရွာလမ်းဘေး ကျေးရွာအုပ်စုများ၊ မယ်ဇလီကုန်း၊ ထူးကြီးဒေသတို့နဲ့ မြန်အောင်မြို့နယ် တို့မှာ အရောင်းအဝယ် အနည်းငယ်ဖြစ်နေကြောင်း သိရပါတယ်။                     ကောက်စောစပါးတင်း ၁၀၀ ကို မြန်အောင်မြို့နယ်တွင် ၂ ဒသမ ၆ သိန်း၊ အင်္ဂပူမြို့နယ်တွင် ၂ ဒသမ ၆ သိန်း၊ ဟင်္သာတမြို့နယ်တွင် ၂ ဒသမ ၇ သိန်း ဈေးနှုန်းများနဲ့ ရောင်းဝယ်မှုဖြစ်လျက်ရှိပြီး ကောက်စောဆန်ဈေးအနေနဲ့ ဧည့်မထဆန် တစ်အိတ်ကို ၁၀၃၀၀ ကျပ် - ၁၀၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရပါတယ်။ အေးအေးခိုင်