Main menu

Background

ယူရိုဇုန်အကျပ်အတည်းအတွက် IMF အကြီးအကဲ တရုတ်ကိုသွားမည်

Tue, 11/15/2011 - 04:52 -- Anonymous (not verified)

                    အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီး အကဲခရစ်စတင်းလာဂတ်က တရုတ်နိုင်ငံကို နိုဝင်ဘာ ၉ ရက်မှာ သွားရောက်ပြီး ယူရိုဇုန်အကျပ်အတည်းနက်ရှိုင်း နေတဲ့ ကိစ္စကိုဆွေးနွေးပြီး ကယ်တင်မှုရန်ပုံငွေအတွက် တရုတ်နိုင်ငံဖြည့်ဆည်းနိုင်မဲ့ အခြေအနေကို ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။ လာဂတ်က ပေကျင်းမြို့ကို သွား ရောက်တဲ့ နှစ်ရက်ကြာခရီးစဉ်အတွင်းမှာ ပေကျင်းရှိ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ဖိုရမ်မှာမိန့်ခွန်းပြောကြား မှာ ဖြစ်ပါတယ်။                    သူဘယ်သူနဲ့တွေ့ဆုံမည်ဆိုတာ ကွဲကွဲပြားပြား မသိရ သေးပေမဲ့ ကယ်တင်မှု ရန်ပုံငွေဖြစ်တဲ့ European Financial Stability Facility ကို ထောက်ပံ့ဖို့နဲ့ ယူရိုဇုန် ကြွေးမြီအကျပ်အတည်း ကျော်လွှားနိုင်ဖို့ကိစ္စကို ဆွေးနွေး မယ်လို့ ခန့်မှန်းရပါတယ်။ တရုတ်နိုင်ငံက နိုင်ငံခြားအရန် ငွေ ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံရှိပြီး ကမ္ဘာမှာနိုင်ငံခြား အရန် ငွေအများဆုံးရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဥရောပရန်ပုံငွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဥရောပခေါင်းဆောင် တွေက တရုတ်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။ ဥရောပ ရန်ပုံငွေအဖွဲ့အကြီးအကဲ ကလော့စ်ရက်ဂလင်းကလည်း တရုတ်ပြည်ကို ရောက်လာပြီး တရုတ်နိုင်ငံ ကထည့်ဝင်ရေး ကိစ္စကို ဆွေးနွေးပါတယ်။ ဒါပေမဲ့ ဒုက္ခတွေ့နေတဲ့ ယူရို ဇုန်အတွက် ဘဏ္ဍာရေးအကူအညီပေးဖို့ အတည်ပြုချက် မရှိသေးပါဘူး။ Souce. AFP