Main menu

Background

မိုက်ကရိုဆော့ဖ်၊ အေအိုအယ်လ်နဲ့ ယာဟူးတို့ ကြော်ငြာအတွက် ပူးပေါင်း

Tue, 11/15/2011 - 04:57 -- Anonymous (not verified)

                       ကြော်ငြာလုပ်ငန်းမှာ ဂူးဂဲနဲ့ဖေ့စ်ဘုတ်တို့ရဲ့ လွှမ်းမိုးမှုက တစ်စစ ကြီးထွားနေပါတယ်။ ဒါကြောင့် ယာဟူး၊ မိုက်ကရိုဆော့ဖ် ကော်ပိုရေးရှင်းနဲ့ အေအိုအယ်လ်တို့က ကြော်ငြာလုပ်ငန်းမှာဖက်စပ်ပူးပေါင်းဆောင်ရွက် လာပါတယ်။မဟာမိတ် အဖြစ် ပူးပေါင်း မှုကို နိုဝင်ဘာ ၈ ရက်ကကြေညာခဲ့ပါတယ်။ ဒီပူးပေါင်းမှုအရ display ads  လို့ခေါ်တဲ့ မရောင်းရသေးတဲ့ပရီမီယံ ကြော်ငြာလက်ကျန်တွေကို လာမဲ့နှစ်စောစောပိုင်း အချင်းချင်း ပြန်လည်ရောင်းချဖို့ ဖြစ်ပါတယ်။ Display Unit တွေက Web စာမျက်နှာ တွေပေါ် အကြီးကြီးပေါ်နေပြီး ဈေးကွက်ရှာသူတို့ရဲ့ အာရုံကို ဖမ်းစားနိုင်ပါတယ်။ ထုံးစံအားဖြင့် ဒီကြော်ငြာတွေက နှုန်းထားမြင့်ပါတယ်။ ယခုလိုပေါင်းစည်းလိုက်တဲ့ အတွက် ပြိုင်ဆိုင်မှုကိုလျော့ကျစေနိုင်မယ်။ သို့မဟုတ် ကြော်ငြာနှုန်းထားကို ထိခိုက် နိုင်တဲ့အတွက် တရားရေးဌာနက ကန့်ကွက်မှု ရှိနိုင်ပေမဲ့ ဒီကိစ္စအတွက် ပြဿနာ မရှိလောက်ဘူးလို့ ယာဟူး၊ အေအိုအယ်လ်နဲ့ မိုက်ကရိုဆော့ဖ်တို့က မျှော်လင့်ထား ပါတယ်။                     ၂၀၁၁ ခုနှစ် အမေရိကန်ပြည်ထောင်စုမှာ အွန်လိုင်းကြော်ငြာတဲ့ဝေစုကို ၉ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၁၆ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး တိုးမြှင့်သွားဖို့ ဖေ့စ်ဘုတ်နဲ့ ဂူးဂဲတို့ကမျှော်မှန်းထားတယ်လို့ eMarketer သုတေသနလုပ်ငန်းက ပြောပါတယ်။ တစ်ချိန်တည်းမှာ အေအိုအယ်လ်၊ မိုက်ကရိုဆော့ဖ်နဲ့ ယာဟူးတို့ရဲ့ ရှယ်ယာတွေလျော့ကျမယ်လို့ခန့်မှန်းပါတယ်။ ယခုနှစ်အတွင်းမှာ ဖေ့စ်ဘုတ်က ယာဟူးကို ပထမဆုံး အကြိမ်အဖြစ် ကျော်တက်မယ်လို့ ခန့်မှန်းပါတယ်။ Souce.economocitimes.indiatimes.com