စင်ကာပူရှိစာရင်းအင်းကဏ္ဍအတွက် ထက်မြက်သူများကို ဆွဲဆောင်ထိန်းသိမ်းထားရေးမှာ အဓိကစိန်ခေါ် မှုဖြစ်နေကြောင်း ဘဏ္ဍာရေးနဲ့သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနဝန်ကြီး မစ္စဂျိုးဇက်ဖင်တဲအိုက စင်ကာပူ ငွေ စာရင်း အစည်းအဝေးမှာ နိုဝင်ဘာ ၅ ရက်က ပြောပါတယ်။ ကျွမ်းကျင်တဲ့ငွေစာရင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်တွေကိုရရှိအောင် လူသစ်ခေါ်စုဆောင်းရာမှာ အခက် အခဲရှိတယ်လို့ အလုပ်ရှင်သုံးဦးအနက် နှစ်ဦးကပြောကြား ကြောင်း Global Financial Employment Monitor အစီရင်ခံစာ မှာဖော်ပြထားတယ်လို့ သူမကပြောပါတယ်။ ထိပ်တန်းရာထူးတွေမှာ တာဝန်ယူထားသူတွေက လာမဲ့ နှစ်မှာ တခြား လုပ်ငန်းတွေကိုပြောင်းသွားမှာကို စိုးရိမ်နေ ရတယ်လို့ပြောကြားသူက ၅၆ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၁ ပြည့်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၁၁ ရာခိုင်နှုန်း ပိုများလာတာ တွေ့ရ ပါတယ်။ ငွေစာရင်းဌာနတွေက သူတို့တာဝန်ထမ်းတွေ ပိုမို အလေးပေးလာရပြီး သူတို့ကိုအဖိုးတန်ရတနာ တွေအဖြစ် သဘောထားလာရတယ်လို့ သူမကပြောပါတယ်။ ပြည်တွင်းကမွေးထုတ်တဲ့ ပညာရှင်တွေပေါ် ထွန်းစေ မဲ့ အရည်အသွေးမြှင့် အစီအစဉ် (Qualification Programme) က အရည်အသွေးပြည့်မီသူတွေကို စု ဆောင်းရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သူမကပြောပါတယ်။Souce. The Business Times
Background
