Main menu

Background

ကြွေးမြီနစ်နေတဲ့ ဥရောပကို နောက်ထပ် အကူအညီပေးဖို့ ဂျီ-၂၀ က ငြင်းဆို

Tue, 11/15/2011 - 05:00 -- Anonymous (not verified)

                    ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၄ ရက်က မပြေမလည်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အစည်းအဝေးမှာ ဥရောပ ကြွေးမြီအကျပ်အတည်း သက်သာအောင် ဆောင်ရွက်ဖို့ ပြင်ပမှ နောက်ထပ်ငွေကြေးမရခဲ့သည့်အပြင် ဂရိနိုင်ငံကို ကြွေးမြီ အကျပ်အတည်းမှ လွတ်မြောက်စေမဲ့အစီအစဉ်ကို အီတလီကိစ္စကလွှမ်းမိုးခဲ့ပါတယ်။                     ဒုက္ခတွေအကြားလှုပ်ရှားရုန်းနေရတဲ့ယူရိုဇုန်ကို ဂျီ- ၂၀နိုင်ငံတွေက အကူအညီပေးလိမ့်မယ်လို့ ရင်းနှီး မြှုပ်နှံသူ တွေကမျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ဥရောပကိုဥရောပ က ပထမဆုံးကယ်တင်ဖို့ ဂျီ-၂၀ ခေါင်းဆောင်တွေကပြော ပါတယ်။ ပိုမိုအကူအညီပေးနိုင်ဖို့အတွက် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ကိုပိုမိုခိုင်မာလာအောင်လုပ်ရ မယ်လို့ သူတို့က ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကျော် ကာလအတွင်း ယူရိုဇုန် ၁၇ နိုင်ငံကို ကသောင်းကနင်း ဖြစ်စေခဲ့တဲ့ ကြွေးမြီအကျပ်အတည်းက မြင့်သည်ထက်မြင့် လာပြီး ကမ္ဘာ့စီးပွားရေးကို ဒုတိယစီးပွားရေးဆုတ်ကပ်ထဲ ကို တွန်းချဖို့ ခြိမ်းခြောက်နေပါတယ်။                      အစည်းအဝေးကို ဂရိနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်မငြိမ်မှုနဲ့သူ့ရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ကြီးကြပ်မှုကိုအီတလီနိုင်ငံကလက်ခံခဲ့တဲ့ ကိစ္စနဲ့ပတ်သက် ပြီး စိုးရိမ်မှုတွေက ကြီးစိုးနေပါတယ်။ အိုင်အမ်အက်ဖ်ရဲ့ လုပ်ရပ်က စီးပွားရေးအရကမ္ဘာ့ ရှေ့ဆောင် နိုင်ငံတစ်ခုရဲ့ အရေးအရာမှာ ဝင်ရောက်စွက်ဖက်တာ ဖြစ်ပါတယ်။ ဥရောပရဲ့ကယ်တင်ငွေပေးရေးကြိုးပမ်းမှုတွေကအရေးကြီး တဲ့ မေးခွန်းထုတ်စရာတွေ ရှိနေတဲ့အတွက် တရုတ်၊ ရုရှားနဲ့ ဘရားဇီးတို့ လိုငွေ ကြေးချမ်းသာနေတဲ့ နိုင်ငံတွေ ကတိ ကဝတ်ပေးဖို့ နောက်တွန့်လာစေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကအထိ အိုင်အမ်အက်ဖ်က ဘဏ္ဍာရေးညှိနှိုင်းမှုအစီအစဉ်တွေကို အာရှ၊ လက်တင် အမေရိကနဲ့ အာဖရိကရှိ ဆင်းရဲတဲ့ထွန်းသစ်စနိုင်ငံတွေ အတွက် အသုံးပြုခဲ့ရပါတယ်။ ယခုအခါမှာ တရုတ်၊ ဘရာဇီးနဲ့ တောင်အာဖရိကလို စွမ်းအင်ကြီးထွားလာတဲ့ နိုင်ငံတွေက ဥရောပမှာ ရင်းနှီးမြှုပ်နှံဖို့သင့်မသင့်စဉ်းစား ရတော့မှာ ဖြစ်ပါတယ်။Source. economictimes.indiatimes.com