Main menu

Background

တောင်ကိုရီးယားနိုင်ငံမှာ အင်တာနက်လုပ်ငန်းများ စတင်ဖို့ ဂူးဂဲအကြီးအကဲဆုံးဖြတ်

Tue, 11/15/2011 - 05:05 -- Anonymous (not verified)

                    ကိုရီးယားနိုင်ငံမှာ အင်တာနက်လုပ်ငန်းတွေထူထောင်ရာမှ အားပေး ကူညီဖို့နဲ့ ကမ္ဘာမှာလူသိအများဆုံး  Search Engine ဖြစ်တဲ့ ယူကျုမှာ K-pop သီးသန့်ချန်နယ်ကိုဆောင်ရွက်ဖို့ ဂူးဂဲဥက္ကဌ အီရစ်ရှမစ်က ကတိပြုခဲ့ပါတယ်။ ဂူးဂဲအမှုဆောင်ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ဆောင်ရွက် နေတဲ့ ရှမစ်က နိုဝင်ဘာ ၇ ရက်က တောင်ကိုရီးယား သမ္မတ လီ မြောင်ဘတ်နဲ့ တွေ့ဆုံပြီးနောက် ယခုလိုကတိပြုခဲ့တာဖြစ်တယ်လို့ သမ္မတ ရုံးအရာရှိတွေက ပြောပါတယ်။ တောင်ကိုရီးယားနည်းပညာ ကုမ္ပဏီ တွေက အိုင်တီလောကစွမ်းအင်ကြီးတဲ့လုပ်ငန်းတွေဖြစ်တဲ့ အတွက် ဂူဂဲနဲ့ ဒီကုမ္ပဏီကြီးတွေက အနာဂတ်ကာလမှာလုပ်ငန်းကို ပူးပေါင်းဆောင်ရွက် သွားနိုင်မှာဖြစ်တယ်လို့ ခေါင်းဆောင် နှစ်ဦးကအမြင်ချင်းတူညီကြပါတယ်။ တီထွင်ဖန်တီးမှုရှိတဲ့ အင်တာနက်စီးပွားရေးစနစ်ကို ထူထောင်ဖို့ တောင်ကိုရီးယား အစိုးရကကြိုပမ်းဆောင် ရွက်နေသလို " Smart Society" လို့ခေါ်တဲ့ စမတ်ကျတဲ့လူ့အဖွဲ့အစည်းကို ဖြစ်လာစေမဲ့ စီမံ ကိန်းတွေကို တောင်ကိုရီးယားအစိုးရက ကြိုးပမ်းဆောင်ရွက်နေတယ်လို့ လီကပြောပါတယ်။ ဂူးဂဲကုမ္ပဏီနဲ့ တောင်ကိုရီးယား အီလက်ထရွန်းနစ်နဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကို ဆွေးနွေးရအောင် ဂူးဂဲဥက္ကဋ္ဌက တောင်ကိုရီးယားနိုင်ငံကို နှစ်ရက်ကြာလာရောက်ခဲ့တာ ဖြစ်ပါတယ်။ စောစောပိုင်းကSK Telecom, KT Corp နဲ့ LG Uplus တို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Souce. koreaherald.com