ယူရိုဇုန်အကျပ်အတည်းကို ထေမိနိုင်အောင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်စေရန် ပိုမိုဆောင်ရွက်ပေးဖို့ အမေရိကန် ပြည်ထောင်စုက အာရှနိုင်ငံတွေကို နိုဝင်ဘာ ၁၀ ရက်က တိုက် တွန်းပါတယ်။ အာရှပစိဖိတ် ဒေသထိပ်သီး အစည်းအဝေးမတိုင်မီ ဟာဝိုင်ယီမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဥရောပဒေသမှာ အကျပ်အတည်းတွေ ကြုံနေစဉ်မှာ ကမ္ဘာ့စီးပွားရေး ချိန်သားညီညီနဲ့ ရေရှည်တည်တံ့အောင် ပိုမိုဆောင်ရွက်ရေးကိစ္စက ဆွေးနွေးပွဲကို လွှမ်းမိုးနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တင်ဂိုက်သနာက အာရှပစိဖိတ်ဘဏ္ဍာရေး ဝန်ကြီး အစည်းအဝေးအပြီးမှာ ပြောပါတယ်။ Source:AFP
Background