Main menu

Background

ထိုင်း ရေလွှမ်းမိုးမှုကြောင့် ဂျပန်ကုမ္ပဏီ ၁၃၉ ခု ထိခိုက်မှုရှိ

Tue, 11/15/2011 - 05:09 -- Anonymous (not verified)

                      ဂျပန်နိုင်ငံရှိအများပိုင်ကုမ္ပဏီ ၁၃၉ ခုနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံရှိ စက်ရုံ ၂၁၅ ခုကို ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှု ကြောင့် ထိခိုက်မှု ရှိခဲ့ကြောင်း တိုကျို ရှိ သုတေသနဌာနက နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ကုမ္ပဏီ ၁၃၉ ခုက ဆောင်ရွက်နေတဲ့ လုပ်ငန်း တွေအနက် အီလက်ထရွန်းနစ်လုပ် ငန်း ၈၁ ခု၊ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်း ၇၁ ခုရှိနေတာကို ကြည့်ခြင်း ဖြင့် ဂျပန် ကုန်ထုတ်လုပ်မှု လုပ်ငန်း မည်မျှ ထိခိုက်မှု ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။ Source:Mainichi Japan