Main menu

Background

တရုတ်ပြည်သို့သွားမည့် ပေသီး

Tue, 11/15/2011 - 06:18 -- Anonymous (not verified)

                  မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ သင့်တင့်မျှတတဲ့အတွက် သဘာဝအလျောက်ပေါက်နေတဲ့ သစ်ပင် များထဲက ပေပင်များမှ ပေသီးများကို တရုတ်ပြည်ကို တင်ပို့ခြင်းနဲ့ ပို့ကုန်ဝင်ငွေရရှိစေပါတယ်။ " ပေတစ်သီး၊ ကျီးသစ်သား" ဆိုတဲ့ စာဆိုအတိုင်း ပေပင်မှ ပေသီးများ တစ်ခါသီးပြီးပါက ပေပင်မှာ သေသွားပါတယ်။ ပေပင်တွေဟာ နှစ်ရှည်ပင်တွေဖြစ်ပြီး မြန်မာပြည်အနှံ့ပေါက်ရောက်ကာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှ ပေသီးအများအပြားထွက်ရှိကြောင်း သိရှိရပါတယ်။ သဘာဝပေပင်တွေရှိသလို မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာလည်း ပေပင်တွေကို စိုက်ပျိုးကြကြောင်း သိရှိရပါတယ်။                    ပေသီးကို တရုတ်နိုင်ငံမှာ စိတ်ပုတီး အကြီးစားပြုလုပ်ရာမှာ အသုံးပြုကြောင်း သိရှိရပါတယ်။ ပေပင်တွေမှ ထွက်ရှိတဲ့ ပေရည်အရသာမှာ ချိုပြီး ထန်းရည်များ ထန်းလျက်ချက်သလိုမျိုး ချက်နိုင်ပြီး ပေသီးမှာ ကွမ်းသီးအရွယ် ခန့်ရှိကြောင်း သိရှိရပါတယ်။ ပေသီးကို တရုတ်နိုင်ငံကို တင်ပို့ဖို့ ပို့ကုန်လိုင်စင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံကိုတင်ပို့ဖို့ တန်ချိန် ၃၀ ကို ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။ပေသီး တင်ပို့မှုမှာ ပမာဏနဲ့တန်ဖိုးမှာ နည်းပါးသော်လည်း ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေတဲ့ ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ နန်းထွေးထွေးမေ