Main menu

Background

ဂန္ဓမာပန်းနဲ့ ဆူးမဲ့နှင်းဆီ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်

Tue, 11/15/2011 - 06:27 -- Anonymous (not verified)

              ရှမ်းပြည်နယ်၊ တောင်ကြီးမြို့  TPIS  ရုံးခန်းတာဝန်ခံနဲ့ ဝန်ထမ်းများ ဟာ တောင်ကြီးမြို့ရှိ TPIS  ရုံးခန်းမှာ ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ် ပန်းမန်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ဥက္ကဋ္ဌ ဦးရဲမွန်နဲ့ အဖွဲ့အား နိုဝင်ဘာ ၉ ရက်မှာ ဆွေးနွေးခဲ့ပါ တယ်။                   ဦးရဲမွန်ရဲ့ တင်ပြချက်များမှာ ဆူးမဲ့နှင်းဆီ ပျိုးပင်များအား ပန်း ရောင်းသူများမှတစ်ဆင့် မှာယူစိုက်ပျိုးခဲ့သဖြင့် ပွင့်လာတဲ့အခါ တန်ဖိုး နည်းပြီး၊ ဈေးကွက်မဝင်တဲ့ ကျောက်နှင်းဆီများဖြစ်လာကြောင်း၊ နှင်းဆီပင် များမှာလည်း ဆူးမဲ့မဖြစ်ဘဲ ဆူးများပါဝင်ကြောင်း၊ ဂန္ဓမာပန်းဟာလည်း ဈေးကွက်ကြိုက်နှစ်သက်တဲ့ မျိုးများဖြစ်မလာလို့ ဆုံးရှုံးမှုများရှိခဲ့ခြင်းကြောင့် မျိုးမှန်ကန်စွာရရှိနိုင်ရေး ဆွေးနွေးခဲ့ပါတယ်။                    တောင်ကြီးမြို့ TPIS  ရုံးခန်းမှ တာဝန်ခံနဲ့ ဝန်ထမ်းများဟာ ပန်းမန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ကလောဇုန်၊ ဟဲဟိုးနဲ့ ချိတ်ဆက်ပြီး ဂန္ဓမာပန်းပျိုးပင် လေးသောင်းအား စိုက်ပျိုးမယ့် ဒီမောဆိုး မြို့အရောက် ပေးပို့နိုင်ရေး၊ ပျိုးပင်များရဲ့ဈေးနှုန်းများ ညှိနှိုင်းပေးခြင်း၊ စိုက်ပျိုးမှုနည်းစနစ်နဲ့ ပိုးမွှားကာကွယ်နှိမ်နင်းရေး၊ အပင်၊ အပွင့်အားဆေး များ၊ သွင်းအားစုများ အသုံးပြုပုံတို့ကို နည်းပညာပေးဆွေးနွေးခဲ့ပါတယ်။ ဟဲဟိုးမှ ဂန္ဓမာပန်းပျိုးပင် လေးသောင်းကို နိုဝင်ဘာ ၁၂ ရက်မှစတင် ပြီး ဒီမောဆိုးမြို့နယ်၊ ကုန်းသာရွာသို့ တင်ပို့မှာဖြစ်ပါတယ်။ ဆူးမဲ့နှင်းဆီ ပျိုးပင်ရရှိရေးအတွက် အေးသာယာမြို့ရှိ ဆူးမဲ့နှင်းဆီ ပျိုးပင်စစ်မှန်စွာရရှိရေး၊ ဈေးနှုန်းနဲ့ ပျိုးပင်အရေအတွက်များ ကွင်းဆင်း ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီမောဆိုးမြို့နယ် ကုန်းသာရွာမှာ ဆူးမဲ့ နှင်းဆီပျိုးပင်ရေ ငါးရာ စိုက်ပျိုးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အောင်ကျော်-TPIS (တောင်ကြီး)