ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိုးဖရေဇာ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိုးဖရေဇာသည် အသည်းကင်ဆာ ရောဂါဖြင့် နိုဝင်ဘာလ ၈ ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ် သော ဖရေဇာမှာဂန္ထဝင်လက်ဝှေ့သမား ကြီး မိုဟာမက်အလီတို့နှင့် ခေတ်ပြိုင် ဖြစ်ခဲ့ကြပြီး ပရိသတ်အားပေးမှုအလွန် ရခဲ့သူဖြစ်သည်။ ဂျိုးဖရေဇာသည် ၁၉၇၁ခုနှစ်က မိုဟာမက်အလီကို ပထမဦးဆုံး အနိုင် ရသည့် လက်ဝှေ့ကျော်တစ်ဦးလည်းဖြစ် ခဲ့သည်။ သူသည် ၁၉၇၀ခုနှစ်တွင် နယူး ယောက်မြို့တွင် ဂျင်မီအဲလစ်ကို အနိုင် ရခဲ့ပြီး ဟဲဗီးဝိတ်သရဖူကို ဆောင်းနိုင်ခဲ့ သည်။ ထို့နောက်သုံးနှစ်အကြာတွင် ဂျော့ချ်ဖိုမင်ကို ရှုံးနိမ့်ခဲ့ရပြီး ဟဲဗီးဝိတ် သရဖူကို လက်လွှတ်ခဲ့ရသည်။ ဖရေဇာသည် ကြေးစားလက်ဝှေ့ လောကတွင် ၃၇ပွဲထိုးသတ်ရာတွင် ၃၂ ပွဲအနိုင်ရရှိခဲ့ပြီး လေးပွဲရှုံးနိမ့်ကာ တစ်ပွဲ သရေကျခဲ့သည်။ သူသည် ၁၉၇၅ခုနှစ် တွင်မိုဟာမက်အလီနှင့်ထိုးသတ်ပွဲသည် သူ၏နောက်ဆုံးပွဲအဖြစ် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။ မိုဟာမက်အလီနှင့်ထိုးသတ် ခဲ့ပြီးနောက် ၁၉၇၆ခုနှစ်တွင် လက်ဝှေ့ လောကမှ အနားယူခဲ့သည်။ လက်ဝှေ့ကျော်မိုဟာမက်အလီက ဂျိုးဖရေဇာတွင် ကင်ဆာရောဂါခံစား နေရသည်ကို သိရှိရသည့်အချိန်တွင် ယုံ ကြည်ရန်ပင်ခက်ခဲခဲ့ကြောင်း၊ သူနှင့်သူ့ မိသားစုအားလုံးပင်ဂျိုးဖရေဇာကိုစောင့် ရှောက်မှုများပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။ ဂျိုးဖရေဇာသည် အသည်းကင် ဆာရောဂါကိုလွန်ခဲ့သည့်ရက်သတ္တပတ် ပေါင်းများစွာကပင် သိရှိခဲ့ပြီးဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။
