ဖိလစ်ပိုင်သမ္မတ အကွီနိုရဲ့ ဆန်မူဝါဒ
ဖိလစ်ပိုင်သမ္မတအကွီနိုရဲ့ နောက်နှစ်မှာ ဆန်တင်သွင်းမှုကို လျှော့ချပြီး ၂၀၁၃ ခုနှစ်မှာ ဆန်တင်သွင်းမှုလုံးဝရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ဟာ ၂၀၁၀ ခုနှစ် ၎င်းင်းရဲ့အုပ်ချုပ်မှု တာဝန်ယူစဉ် ကထဲက အရေးကြီးဆုံးမူဝါဒများထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြည်တွင်းထုတ်လုပ်မှုနဲ့ ဖူလုံဖို့ နည်းဗျူဟာက အထွက်နှုန်းမြှင့်တင်ဖို့၊ ပြောင်းနဲ့ ဝဥတို့လို အခြားသီးနှံတွေ စားသုံးမှု အားပေးဖို့နဲ့ စိုက်ပျိုးရေးဆိုင်ရာအခြေခံ အဆောက် အဦများ ထပ်မံတိုးတက်ဖို့ ဖြစ်ပါတယ်။ အမှန်တော့ ဖိလစ်ပိုင်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်များ အတွင်း တိုးတက်နေတဲ့ လူဦးရေအတွက် လုံလောက်တဲ့ ဆန် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခင်အုပ်ချုပ်သူများ က နှစ်စဉ်ဆန်တင်သွင်းဖို့ စားနပ်ရိက္ခာ စာရင်းများညှိပြီး၊ ကိုယ်ကျိုးဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ယခင်နှစ်ထိ အာရိုယိုအစိုးရက ဆန်တင်သွင်းဝယ်ယူမှုဟာ တန်ချိန် ၁၅ ဒသမ ၇ သန်းအထိ ရှိခဲ့လု့ိ ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာမှာ အကြီးမားဆုံး ဆန်တင်သွင်းနိုင်ငံဖြစ်ခဲ့ရပါတယ်။ ဆန်ဖူလုံတဲ့စာရင်းများ သိသာမြင်သာဖို့နဲ့ နားလည်နိုင်ဖို့ နှစ်စဉ်မလိုအပ်ဘဲ ဆန်တင်သွင်းမှုကို စိုက်ပျိုးရေး ဆိုင်ရာ စီးပွားရေးပညာရှင်တွေက ရိုးရှင်းစွာတွက်ချက်သင့်ပါတယ်။ လူတစ်ဦး စားသုံးမှုနဲ့ ပုံသေနည်းအတိုင်း တွက်ချက်တဲ့ အစားငတ်မွတ်ခြင်းမရှိအောင် ဖိလစ်ပိုင်ပြည်သူများ နေ့စဉ် စားသုံးသင့်တဲ့ ပမာဏကို ဆုံးဖြတ်ပြီး၊ အခြေခံကျကျ တွက် ချက်သင့်တယ်လို့ ဆိုပါတယ်။ ပြောင်း၊ ဝဥနဲ့ အာလူးစတဲ့ အခြား အစားအစာများ ရောနှောပြီး တစ်နှစ်ကို လူတစ်ဦး ၃၇ ကီလိုကိုလျှော့ချစားသုံးဖို့ Mr. Alcala မှ တင်ပြ ထားပါတယ်။ နောက်တစ်ချက်က နိုင်ငံအတွင်း အမှန်တကယ် စားသုံး တဲ့ လူဦးရေကို တွက်ချက်ဖို့ဖြစ်ပါတယ်။ လူဦးရေ ၉၄ သန်းရှိ တယ်ဆိုရင် ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့ လူ ၉ သန်းခန့်ကို လျှော့ပြီး၊ နောက်ထပ် ဆန်စားသုံးခြင်းမရှိ သေးတဲ့လူမမယ်၂ သန်းခန့်နဲ့ လျော့ကျမယ့် လူဦးရေကို နုတ်မယ်ဆိုရင် စုစုပေါင်းစားသုံးတဲ့ လူဦးရေ ၈၄ သန်းခန့် ရရှိလာမှာဖြစ်ပါတယ်။ လူဦးရေ ၈၄ သန်းခန့်ကို လက်ရှိ စားသုံးနေတဲ့ ၉၉ ကီလို နှုန်းနဲ့တွက်ရင် အရန်သိုလှောင်မှု မရှိရင်တောင် ထုတ်လုပ်မှု ဆန်တန်ချိန် ၈ ဒသမ ၃ သန်းနဲ့ လုံလောက်တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးဌာနစာရင်းအရ လွန်ခဲ့တဲ့နှစ်က ဆန်တန်ချိန် ၉ ဒသမ ၇ သန်းထွက်ရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ၁၀ သန်း၊ ၂၀၀၈ ခုနှစ်မှာ ၁၀ ဒသမ ၄ သန်းအသီးသီးထွက်ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း တန်ချိန် ၉ သန်းကျော် ထွက်မယ်လို့ ခန့်မှန်းထားပြီး၊ ၂၀၁၂ မှာ တန်ချိန် ၁၀ သန်းအတွင်း ထွက်ရှိဖို့ မှန်းထားပါတယ်။ ဒီအခြေအနေတွေအရ လူဦးရေ ၈၄ သန်းခန့်အတွက် နှစ်စဉ် ဆန်လိုအပ်ချက် တန်ချိန် ၈ဒသမ ၃ သန်းထက်ကျော်လွန်ထုတ်လုပ်နိုင်လို့ အရန် သိုလှောင်မှု များစွာ ရှိနေမှာဖြစ်ပါတယ်။ ထုတ်လုပ်မှု ဆန်တန်ချိန် ၉ သန်းနဲ့ဆိုရင် ပိုလျှံဆန်တန် ချိန် ၇ သိန်းခန့်ဟာ ရက်ပေါင်း ၃၀ အတွက် လုံလောက်တဲ့ အရန်ဆန်အဖြစ်ရှိနေမှာဖြစ်ပါတယ်။ ဆန်တင်သွင်းမှုမရှိရင် လစ်ဗရယ်ပါတီအနေနဲ့ ဆန်တင်သွင်းမှု ကုန်ကျစရိတ်များကို ၂၀၁၃ နဲ့ ၂၀၁၆ အတွင်း နိုင်ငံရေးမှာ အသုံးချသွားရမှာ ဖြစ်ပါတယ်။ လဝန်း ၊ Source:riceonline
