ယခုတစ်ပတ် မတ်ပဲတင်ပို့မှုကတော့ အနိမ့်ဆုံးကို ကျဆင်းနေပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၃၈၀၀ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၅၀၀ သာ တင်ပို့မှုနိုင်တဲ့အတွက် တင်ပို့မှု ကျဆင်းနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၄၅၂၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၉ သန်း ကျော်ရရှိပြီလို့ သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုအနေနဲ့ တန်ချိန် ၃၁၂၀၀၀ ကျော်နဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၂၁ သန်းကျော်ရှိလို့ ယခုနှစ်မှာ မတ်ပဲတင်ပို့မှု ပမာဏတန်ချိန် တစ်သိန်းခွဲခန့် ပိုမိုတင်ပို့ပြီဖြစ်တာ တွေ့ရပါတယ်။ လက်ရှိအခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ပမာဏ လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
Background