Main menu

Background

ပဲတီစိမ်းတန် တစ်ထောင်ကျော်သာတင်ပို့

Sun, 11/20/2011 - 07:28 -- Anonymous (not verified)

                  ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ဆက်လက်လျော့ကျနေပါတယ်။ နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း တန်ချိန် တစ်ထောင်ကျော်သာ တင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယမှာရော တရုတ်မှာပါ ပဲတီစိမ်းအသစ် တွေ ထွက်နေတဲ့အတွက် အဝယ်လျော့သွားလို့ တင်ပို့မှုလျော့ကျခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ ပဲတီစိမ်းတန်ချိန် ၂၀၆၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉၉ သန်းကျော်ဖိုး တင်ပို့ပြီးဖြစ်ကြောင်းနဲ့ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၅၄၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၃ သန်းကျော်ဖိုး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ် ပဲတီစိမ်း တင်ပို့မှုကလည်း ပမာဏ နည်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT(MAPT)