Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ အရည်အသွေးကောင်းတဲ့ တောင်ငူ၊ ပခုက္ကူ ပဲတီစိမ်း အနည်းငယ်စီ အရောင်းအဝယ်ဖြစ်

Sun, 11/20/2011 - 07:29 -- Anonymous (not verified)

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရည်အသွေးကောင်းတဲ့ တောင်ငူစနဲ့ ပခုက္ကူစ အနည်းငယ်စီအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၃၅၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။                  အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲများ အဝင်များပြီး အရည်အသွေးကောင်းပဲ ဝင်ရောက်မှု နည်းလို့ ဝယ်လက် များက အရည်အသွေးကောင်းကို ရွေးချယ်ဝယ်ယူကြတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ ယခုနှစ်ပဲတီစိမ်းအထွက် ကောင်းတဲ့ အတွက်လည်း ဝယ်လိုအားနည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ပဲတီစိမ်း FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း အညာစ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူစ ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ယခင်သီတင်းပတ်အတိုင်း ငြိမ်နေပေမဲ့ ပဲတီရွှေဝါအကြီးကတော့ ယခင်တစ်ပတ်က ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၈၆၀-၈၈၀ ကို အနည်းငယ်လျော့ကျခဲ့ပါတယ်။ MIRT(MAPT)