Main menu

Background

ရန်ကုန် FOB ဈေးကွက် ကုလားပဲအရောင်းအဝယ်အသင့်အတင့်ရှိ

Sun, 11/20/2011 - 07:45 -- Anonymous (not verified)

                   ယခင်သီတင်းပတ်က FOB ဈေးကွက်မှာ အရောင်းအဝယ်မဖြစ်ခဲ့ပေမဲ့ ယခု နိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၃၄၀ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပတင်ပို့မှုကတော့ နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှာလက်ကျန် နည်းလာပြီဖြစ်ပြီး ပြည်တွင်းခွဲစက်များက အဝယ်ရှိနေတဲ့အတွက် တင်ပို့မှုလျော့လာ ခြင်း ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၁၁ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၉၈၀-၁၀၀၀ ရှိခဲ့ရာမှ နိုဝင်ဘာလ ၁၈ ရက်မှာ ကန် ဒေါ်လာ ၉၅၀-၉၇၀ ကို လျော့ကျခဲ့ပါတယ်။ MIRT(MAPT)