Main menu

Background

အိန္ဒိယအစိုးရက ပဲမျိုးစုံထုတ်လုပ်မှု တိုးတက်ဖို့ ထောက်ပံ့မှု စီမံကိန်းကို တောင်သူများ လက်အရောက်ဖြန့်ဝေ

Sun, 11/20/2011 - 07:54 -- Anonymous (not verified)

                   အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် Tiruchi ခရိုင်အတွင်းတွင် စပါးပြီးပြီးချင်း ပဲမျိုးစုံ စိုက်ပျိုးဖို့ မိုးရေခံ ဒေသတောင်သူများကို အားပေးတဲ့ ရည်ရွယ်ချက်နဲ့ မိုးရေခံ စိုက်ပျိုးရေးဌာနစီမံကိန်း(RADP) ကို စိုက်ပျိုးရေးဌာနမှ စတင်ခဲ့ပါတယ်။ ယင်းစီမံကိန်းအရ ခရိုင်အတွင်း လယ်ယာမြေအကွက်ပေါင်း ၉ ကွက်မှ မိုးရေခံမြေ ဟက်တာ ၅၀၀ ခန့်ကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ တောင်သူများအနေနဲ့ ၁ ဟက်တာ ကုန်ကျစရိတ် ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၉၇၁)ရဲ့ ၂၅ ရာခိုင်နှုန်းကို ထောက်ပံ့မှုရရှိမှာဖြစ်ပါတယ်။                       ယင်းခရိုင်အတွင်းရှိ မိုးရေခံစိုက်ပျိုးတဲ့ တောင်သူများကတော့ ပုံမှန်အားဖြင့် စပါးပြီးရင် စိုက်ပျိုးခြင်းမရှိတော့ဘဲ လယ်ကွက်လပ်အနေနဲ့ ထားရှိပါတယ်။ ယခု စီမံကိန်းအရ မြေဆီလွှာအစိုဓာတ်ရရှိချိန်ကို အသုံးချပြီး စပါးရိတ်သိမ်းပြီးတာနဲ့ ပဲမျိုးစုံကို ချက်ချင်းစိုက်ဖို့ တိုက်တွန်းဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ စိုက်ပျိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး R Chandrasekoran  က ပြောကြားပါတယ်။ ထောက်ပံ့ မှုအနေနဲ့ ရွေးချယ်ထားတဲ့ တောင်သူများကို မျိုးစေ့၊ မြေသြဇာ၊ ဇီဝမြေသြဇာ၊ အာဟာရ၊ ပေါင်းသတ်ဆေးနဲ့ အပင်ကာကွယ်ဆေးများ ပေးသွားမယ်လို့ သိရပါတယ်။                       ယင်းစီမံကိန်းကို စုစုပေါင်း ရူပီး ၇၇ ဒသမ ၈၂ သိန်း (ကန်ဒေါ်လာ ၁ ဒသမ ၅၄ သိန်း)နဲ့ အကောင်အထည် ဖော်သွားမှာဖြစ်ပြီး၊ ပဲမျိုးစုံ အထွက်နှုန်း ၃၀ ရာခိုင်နှုန်းတိုးမြှင့်ရရှိဖို့လည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲဒီ စီမံကိန်းဧရိယာအတွင်း အော်ဂဲနစ်မြေဆီလွှာပါဝင်မှု တိုးတက်ဖို့ သဘာဝမြေ ဆွေးဘောင် ၄၉ ခုပြုလုပ်သွားမှာ ဖြစ်ပြီး၊ ဘောင်တစ်ခုကို ရူပီး ၃၀၀၀၀ နဲ့ ထောက်ပံ့မှုရဲ့ ၅၀ ရာခိုင်နှုန်းစီနဲ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အထွက်နှုန်းကောင်း၊ အရည်အသွေးမြင့်တဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ မျိုးစေ့များ ထုတ်လုပ်ဖို့ မျိုးစေ့ စိုက်ခင်းများကို ဟက်တာ ၅၀ မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး၊ ပဲမျိုးစေ့အတွက် ဟက်တာ ၂၀ နဲ့ ဆီထွက်သီးနှံအတွက် ဟက်တာ ၂၀ အသုံးပြုသွားမှာဖြစ်ပါတယ်။ မျိုးစေ့ လယ်ယာတစ်ခုစီအတွက် ထောက်ပံ့မှု ၅၀ ရာခိုင်နှုန်းကို ပေးမှာ ဖြစ်လို့ တစ်ဟက်တာကို ရူပီး ၁၀၀၀၀ (ကန်ဒေါ်လာ၁၉၈) စီ တောင်သူများ ရရှိမှာ ဖြစ်ပါတယ်။ ယခင်းရွှေစင်၊ Source:businessline