Main menu

Background

အိန္ဒိယ PEC အေဂျင်စီမှ ပဲမျိုးစုံ တန်တစ်သောင်း တင်သွင်းမယ်

Sun, 11/20/2011 - 07:58 -- Anonymous (not verified)

             အိန္ဒိယနိုင်ငံပိုင် အေဂျင်စီဖြစ်တဲ့ PEC မှ ဒီဇင်ဘာလအတွင်းတင်ပို့ဖို့ ပဲမျိုးစုံတန်ချိန် ၁၀၀၀၀ တင်သွင်းမယ့် တင်ဒါခေါ်ယူထားတယ်လို့သိရပါတယ်။ တင်သွင်းမယ့်ပဲများကတော့ မြန်မာနိုင်ငံက မတ်ပဲ SQ တန် ၂၀၀၀၊ FAQ တန်ချိန် ၄၀၀၀၊ သြစတြေးလျကုလားပဲ တန် ၂၀၀၀ နဲ့ တန်ဇန်းနီးယားကုလားပဲတန် ၂၀၀၀ စီတို့ဖြစ်ပြီး ယင်းပဲများဟာ ၂၀၁၁ ရာသီတွင်း ပဲများဖြစ်ရမယ်လို့သိရပါတယ်။ ယင်းတင်ဒါကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပိတ်မယ်လို့သိရပါတယ်။ ယမင်းခင် Source: Reuters