Main menu

Background

ပါကစ္စတန်နိုင်ငံမှာ ပဲမျိုးစုံဈေးနှုန်း စတင်ကျဆင်းလာပြီ

Sun, 11/20/2011 - 08:00 -- Anonymous (not verified)

                     ပါကစ္စတန်နိုင်ငံရဲ့ အဓိက ပဲမျိုးစုံဈေးနှုန်းများ အမြင့်ဆုံး ပမာဏကို ရောက်ရှိခဲ့ပြီးတဲ့နောက်၊ မိုးအနည်းငယ် ရွာသွန်းမှု ကြောင် ဆင်းနဲ့ ပန်ဂျပ်ပြည်နယ်တို့မှာ အထွက်နှုန်းတိုးတက်ခဲ့ တဲ့ အတွက် လက်လီ၊ လက်ကားဈေး များ ပြန်လည်ကျဆင်း လာနေပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့အတွက် ပါကစ္စတန်ပြည်သူများရဲ့ ဝယ်ယူနိုင်မှု စွမ်းအားထက် ကျော်လွန် ခဲ့ပါတယ်။                          ဒါကြောင့်လည်း ပဲမျိုးစုံကို ဝယ်ယူမှုကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းခွဲခြမ်း လက်ကားဈေး တစ်ကီလိုကို ပါကစ္စတန် ရူပီး ၁၄၀ (ကန်ဒေါ်လာ ၁ ဒသမ ၆၁)ရှိခဲ့ရာမှ ယခုအခါ ရူပီး ၁၁၀ (ကန်ဒေါ်လာ ၁ ဒသမ ၂၇)ရှိပြီး၊ လက်လီဈေး ရူပီး ၁၃၅-၁၄၀ (ကန်ဒေါ်လာ ၁ ဒသမ ၅၆ - ၁ ဒသမ ၆၁) ရှိခဲ့ရာမှ ရူပီး ၁၂၀ (ကန်ဒေါ်လာ ၁ ဒသမ ၃၈)ကို ကျဆင်း ခဲ့ပါတယ်။ ကာဘူလီကုလားပဲဈေးမှာလည်း လက်ကား ဈေးကွက်မှာ ရူပီး ၁၅၀ (ကန်ဒေါ်လာ ၁ ဒသမ ၇၃)အထိ မြင့်တက်ခဲ့ရာမှ ရူပီး ၁၃၅-၁၄၀ (ကန်ဒေါ်လာ ၁ ဒသမ ၅၆ - ၁ ဒသမ ၆၁)ကို ကျဆင်းခဲ့ပါတယ်။ ကုလားပဲခွဲခြမ်းဈေးကလည်း ယခင်တစ်ကီလို ရူပီး ၇၀- ၇၅ (ကန်ဒေါ်လာ သုည ဒသမ ၈၁ - သုည ဒသမ ၈၆) ရှိခဲ့ရာမှ ရူပီး ၆၀-၆၅ (ကန်ဒေါ်လာ သုည ဒသမ ၆၉ - သုည ဒသမ ၇၅) ကိုလျော့ကျခဲ့ပြီး၊ မတ်ပဲခွဲခြမ်း လက်ကား ဈေးမှာလည်း ရူပီး ၁၃၅ (ကန်ဒေါ်လာ ၁ ဒသမ ၅၆)ကို လျော့ကျခဲ့ပါတယ်။ ပဲတင်သွင်းသူ ခေါင်းဆောင် Anees Majeed  ပြောကြားတာတော့ ကမ္ဘာတစ်ဝန်းမှ တင်သွင်းတဲ့ ပဲဈေးကျဆင်းတာကြောင့်လည်း ပြည်တွင်းပဲ ဈေးကျဆင်းရ ခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။                  လာမယ့် ရာသီအတွင်း အထွက်နှုန်းကောင်းဖွယ် ရှိခြင်းက ပဲမျိုးစုံဈေးနှုန်းအကျဘက်ဆင်းနိုင်တဲ့အတွက် နေ့စဉ်ပဲစားသုံးမှု လျှော့ချထားရတဲ့ ပဲဝယ်ယူသူများ ဈေးသက်သက်သာသာနဲ့ ဝယ်ယူလာနိုင်မှာဖြစ်ပါတယ်။ ပဲမျိုးစုံ ဈေးနှုန်းကျဆင်းရခြင်းအဓိက အကြောင်းရင်းများထဲက တစ်ခုကတော့ မိုးရွာသွန်းခြင်းကြောင့် နိုင်ငံအတွင်း သီးနှံ အထွက်ကောင်းမယ့် မျှော်လင့်ချက်ဘဲဖြစ်တယ်လို့ Anees Majeed  မှ ပြောကြားပါတယ်။ ဒါ့အပြင် ပဲအဓိက ရောင်းချ နေတဲ့ သြစတြေးလျနဲ့ ကနေဒါတို့မှာလည်း အထွက်ကောင်းမယ့်အလားအလာတွေအရ နိုင်ငံတကာ ဈေးကွက်အတွင်း ပဲတီစိမ်းနဲ့ ပဲနီလေးဈေး ကျဆင်းတာကြောင့်လည်း ပြည်တွင်းဈေးကျဆင်းလာတာပါလို့ ဆိုပါတယ်။                     ကန်ဒေါ်လာနဲ့ ပြည်တွင်းငွေကြေး လဲလှယ်နှုန်းဆက်လက် မြင့်တက်နေတာကြောင့် တင်သွင်းပဲအပေါ် မှီခိုနေရကာ ကျဆင်းဖို့နဲ့ ပြည်တွင်းပဲစိုက်ပျိုးမှုမှ နှစ်စဉ်အထွက်နှုန်း တိုးတက်ဖို့ အစိုးရအနေနဲ့ ထိရောက်တဲ့ နည်းဗျူဟာများ ချမှတ် ဆောင်ရွက်သင့်တယ်လို့ Anees မှ အကြံပြုထားပါတယ်။ ယမင်းရွှေစင် Source: down.com