Main menu

Background

နနွင်းဝယ်လိုအားတက်လာလို့ အိန္ဒိယနနွင်းဈေး အမြင့်ဘက်ကို တက်လာ

Sun, 11/20/2011 - 08:07 -- Anonymous (not verified)

                 အိန္ဒိယပြည်တွင်းဈေးကွက်များမှာ နနွင်းဝယ်လိုအားတက်လာတာကြောင့် ကြိုပွိုင့်ဈေးရော လက်ငင်းဈေး ပါ မြင့်တက် လာခဲ့ပါတယ်။NCDEX မှာ နိုဝင်ဘာစာချုပ်ဈေးဟာ ၄ ဒသမ ၀၁ ရာခိုင်နှုန်း ပိုမိုပြီး၊ တစ်တန် ရူပီး ၅၇၀၀၀ (ကန်ဒေါ်လာ ၁၁၁၆)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အီရော့နနွင်းကုန်သည်များဈေးဝင်းမှာ နနွင်းဈေး တစ်တန် ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၃၉)မြင့်တက်ပြီး၊ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၄၀၉၀ - ၄၈၅၅၀ (ကန်ဒေါ်လာ ၆၆၈-၉၅၁)နဲ့ နနွင်းဥ တစ်တန် ရူပီး ၃၂၂၀၀-၄၅၈၉၀ (ကန်ဒေါ်လာ ၆၃၁-၈၉၉)နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နနွင်းဈေးကလျော့ကျမယ့် အခြေအနေရှိတဲ့အတွက် ပြည်ပတင်ပို့သူများ ဝယ်လိုအား ထိန်းထားဆဲ ဖြစ်ပါတယ်။ လက်ကျန်များနေခြင်းအပြင် ထုတ်လုပ်မှုတိုးတက်မယ်ခန့်မှန်းချက်များအရ ကာလတို အတွင်းမှာလည်း ဈေးထပ်မံကျဆင်း ဖွယ်ရှိ တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ငင်းဈေးကွက်များကို နေ့စဉ်နနွင်းအိတ် ၇၀၀၀-၈၀၀၀ ခန့်ဝင်ရောက်နေပါတယ်။ ကုန်သည်များ ပြောကြားချက်အရ တောင်သူလက်ထဲမှာ နနွင်းအိတ် ၁၃ သိန်းခန့် ကျန်ရှိနေကြောင်းနဲ့ နနွင်းသစ် မဝင်ရောက်မီ လက်ကျန်များ ထုတ်ရောင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: commodilyonline