Main menu

Background

ကြက်သွန်နီတင်ပို့ဈေးကို အိန္ဒိယ ၂၆ ရာခိုင်နှုန်းလျှော့ချ

Sun, 11/20/2011 - 08:10 -- Anonymous (not verified)

                    အိန္ဒိယအစိုးရဟာ ကြက်သွန်နီပြည်ပတင်ပို့မှုတိုးမြှင့်ဖို့နဲ့ ပြည်တွင်းဈေးကျဆင်းစေဖို့ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း MEP ကို ယခင်တစ်တန် ကန်ဒေါ်လာ ၄၇၅ မှ ကန်ဒေါ်လာ ၁၂၅ လျှော့ချပြီး တစ်တန်ကန်ဒေါ်လာ ၃၅၀ သတ်မှတ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းအချို့ ကြက်သွန်နီအမျိုး အစားကိုတော့ တစ်တန်ကန်ဒေါ်လာ ၄၀၀ နဲ့ ထိန်းထား တယ်လို့ ဆိုပါတယ်။ ကြက်သွန်နီလက်လီဈေး တစ်ကီလိုရူပီး ၂၅ (ကန်ဒေါ်လာ သုည ဒသမ ၄၉) ဖြစ်ခဲ့စဉ် စက်တင်ဘာ လ အစပိုင်းက MEP  ဈေးနှုန်းကို ကန်ဒေါ်လာ ၃၀၀ မှ ၄၇၅ ကို မြှင့်တင်ခဲ့တာဖြစ်ပါတယ်။                      ကြက်သွန်နီနဲ့ပတ်သက်တဲ့ ပြန်လည်သုံးသပ်မှုအစည်း အဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စီးပွားကူးသန်း ဝန်ကြီး ဌာနမှာ ပြုလုပ်ခဲ့ပြီး MEP  ဈေးနှုန်းလျှော့ချဖို့ သဘောတူ ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်စိုက်ပျိုးရေး ဆိုင်ရာ သမဝါယမ ဈေးကွက်အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ Rajeeu Gupta က ပြောကြားခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်ရဲ့လများမှာ ကြက်သွန် တင်ပို့မှု ကျဆင်းခဲ့ရာ ဧပြီလမှအောက်တိုဘာလအတွင်း စုစုပေါင်းတန်ချိန် ၈၅၅၉၈၄၊ ရူပီး ၁၁ ဒသမ ၀၈ ဘီလီယံ (ကန်ဒေါ်လာ ၂၁၇ သန်း) ဖိုး တင်ပို့ခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၁ ဒသမ ၃၈ သန်းထက် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ အဓိကတင်ပို့တဲ့နိုင်ငံများ ကတော့ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှားနဲ့ သီရိလင်္ကာ တို့ ဖြစ်ပါတယ်။                          နိုင်ငံတော် ဟင်းသီးဟင်းရွက်သုတေသနနဲ့ ဖွံ့ဖြိုးရေး အဖွဲ့မှ ပြောကြားချက်အရ အိန္ဒိယနိုင်ငံဟာ ကြက်သွန်နီ တန်ချိန် ၁၅ ဒသမ ၁၃ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားလို့ ယခင်နှစ်ထုတ်လုပ်တဲ့တန်ချိန် ၁၄ ဒသမ ၅၆ သန်းထက် ၄ ရာခိုင်နှုန်း မြင့်တက်တယ်လို့ဆိုပါတယ်။ စုစုပေါင်းထုတ်လုပ်မှု  ရဲ့ ၁၀-၁၅ ရာခိုင်နှုန်းကို မိုးရာသီမှာထုတ်လုပ်ပြီး နောက်ထပ် ၃၀-၄၀ ရာခိုင်နှုန်းကိုတော့ မိုးနှောင်းပိုင်းမှာ ထုတ်လုပ်ကာ ကျန်ပမာဏကို ဆောင်းရာသီမှာ စိုက်ပျိုး ထုတ်လုပ်ပါတယ်။ ဈေးနှုန်းကျဆင်းရင် တောင်သူများနောက်နှစ်မှာ စိုက် ပျိုးမှု လျော့နည်းမှာဖြစ်ပြီး၊ ဈေးနှုန်းကြီးမြင့်ရင် စားသုံးသူတွေ ထိခိုက်တဲ့အတွက် ဈေးနှုန်းမျှခြေဖြစ်ဖို့ အရေးပါတယ်လို့ ွGupta ကဆိုပါတယ်။ စားသုံးသူရေးရာ ဌာနရဲ့ ဈေးနှုန်း စောင့်ကြည့်အဖွဲ့မှ ပြောကြားချက်အရ စက်တင်ဘာလ အစပိုင်းကမြို့တော်မှာလက်လီဈေး တစ်ကီလို ၂၃ ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၄၅) ရှိရာမှ ယခု ၂၁ ရူပီး (ကန်ဒေါ် လာ သုည ဒသမ ၄၁ ) ကို ကျဆင်းခဲ့ပြီလို့ဆိုပါတယ်။ မိုးနှောင်းကြက်သွန်များ လာမယ့်လကစပြီး ဝင်ရောက်လာ တော့မှာဖြစ်လို့ ဈေးထပ်မံကျဆင်းနိုင်တယ်လို့ပြောပါတယ်။ ယမင်းခင်၊ Source: business standard