Main menu

Background

ဈေးကွက်က ဈေးနှုန်း (ဓာတ်မြေသြဇာ)

Sun, 11/20/2011 - 09:28 -- Anonymous (not verified)

ဗီယက်နမ်မှ မြေသြဇာ အများဆုံးတင်သွင်း                  ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း မြေသြဇာ ၁၄၆၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကိုးသောင်းကျော်ဖိုးကို ရေကြောင်းလမ်းမှတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာများမှာ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၂၆၀ နဲ့ ဗီယက်နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၁၂၀၅ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် လေးရာကျော်သာတင် သွင်းခဲ့ပြီး ဒီတစ်ပတ် တန်ချိန်တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့လို့ ဒီတစ်ပတ်တန်ချိန် တစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ အောက်တိုဘာပထမပတ်မှစပြီး ပျမ်းမျှတစ်ပတ်ကို တန်ချိန် ခုနှစ်ရာကျော် သာတင်သွင်းနိုင်ခဲ့တဲ့ ဓာတ်မြေသြဇာက ဒီတစ်ပတ်မှာ ပျမ်းမျှအဝင်ရဲ့ တန်ချိန်ထက်ဝက်ကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာအသွင်း တန်ချိန် ၃၆၀၀ နီးပါးပိုမို                       နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်တို့မှ ကန်ဒေါ်လာ ၂ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၁၆၃၇ တန်ကို နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန်ချိန် ၃၅၉၀ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ် တစ်ခုတည်းမှ တန် ၃၄၂၀ ပိုမိုခဲ့ပြီး ကော့သောင်းနဲ့ ရိဒ်စခန်း များ တင်သွင်းမှု အနည်းငယ်ပိုမိုခဲ့တဲ့အပြင် ယခင်အပတ်က အသွင်းမရှိခဲ့ပေမယ့် မောင်တောမှလည်း ယခုအပတ်မှာ အသွင်းရှိခဲ့တယ်လို့သိရပါတယ်။ မူဆယ်နယ် စပ်မှ ယူရီးယား၊ တီစူပါ၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁၀း၁၀း၅) နဲ့ (၁၅း၅း၅) တို့ အများဆုံးတင်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း              ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်                  အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ပြောင်းလဲမှုယခုအပတ်  ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ယူရီးယား(ရွှေတောင်-တရုတ်)       -     ၂၃၀၀၀    တီဆူပါ (မြှား-တရုတ်)     -   ၂၈၀၀၀    ပိုတက် (တရုတ်)    ၂၈၀၀၀   ၂၈၀၀၀   ပိုတက် (ထိုင်း)     ၃၃၀၀၀    ၃၈၀၀၀   မန္တလေးတိုင်းဒေသကြီး  ယူရီးယား(တရုတ်-ရွှေတောင်)   ၁၉၂၀၀  ၂၀၆၀၀   ယူရီးယား(ပန်းဖူး-တရုတ်)    ၂၀၃၀၀  ၂၀၆၀၀   ကွန်ပေါင်း 15:15:15  (တရုတ်)       ၂၈၀၀၀  ၂၈၀၀၀   အာမို(ဒိုင်းမွန်းစတား)     ၃၇၀၀၀    ၃၇၀၀၀  ပဲခူးတိုင်းဒေသကြီး  ယူရီးယား (ရွှေတောင်-တရုတ်)    ၂၁၅၀၀  ၂၂၀၀၀   ယူရီးယား (ကမ္ဘာလုံး-တရုတ်)   ၂၁၅၀၀  ၂၂၀၀၀   ယူရီးယား (ပုလဲ-ပန်းဖူး)   ၂၂၀၀၀   ၂၂၅၀၀  တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)   ၂၀၅၀၀    ၂၀၅၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)        ၂၁၅၀၀    ၂၁၅၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)    ၂၀၅၀၀    ၂၀၅၀၀   တီစူပါ-(တရုတ်) 12%      ၉၀၀၀     ၁၀၀၀၀   တီစူပါ-(တရုတ်) 16%     ၁၀၀၀၀    ၁၀၅၀၀   တီစူပါ 15:15:15  (တရုတ်)     ၃၅၀၀၀    ၃၄၀၀၀   တီစူပါ 10:10:5 (တရုတ်)    ၁၆၀၀၀    ၁၆၀၀၀   ပိုတက် (တရုတ်)   ၂၄၀၀၀    ၂၅၀၀၀   ဓာတ်ဆား (တရုတ်)         ၁၉၅၀၀    ၁၈၀၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)    ၂၃၅၀၀    ၂၃၀၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)    ၂၄၀၀၀    ၂၃၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)   ၂၄၀၀၀    ၂၃၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15    ၄၀၀၀၀   ၃၆၅၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15          ၃၄၀၀၀    ၃၁၅၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8        ၃၂၀၀၀   ၃၁၀၀၀   တီစူပါ (တရုတ်) သံကွင်း 46%       ၂၉၀၀၀    ၂၈၅၀၀    တီစူပါ (တရုတ်) မျှားကမ္ဘာ 16%    ၁၃၅၀၀   ၁၃၀၀၀                                                                        MIRT (MAPT)