Main menu

Background

ပဲပုပ်ဆီနဲ့ ရေနံဈေးကျဆင်းတာကြောင့် စားအုန်းဆီကြမ်း ဈေးပါ ကျဆင်းလာ

Sun, 11/20/2011 - 10:13 -- Anonymous (not verified)

                  ဥရောပဇုန် ကြွေးမြီပြဿနာ စိုးရိမ်မှုများ ဆက်လက်ရှိနေခြင်းကြောင့် ရေနံ ဈေးနဲ့ ပဲပုပ်ဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့ခြင်းနဲ့အတူ မလေးရှား စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးလည်း နိုဝင်ဘာ ၁၇ ရက်မှာ ကျဆင်းခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ စာချုပ်အခြေခံဈေးဟာ သုညဒသမ ၉ ရာခိုင်နှုန်း လျှော့ပြီး၊ တစ်တန် ရင်းဂစ် ၃၂၁၂ (ကန်ဒေါ်လာ ၁၀၁၅)ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးက သုညဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၂ ဒသမ ၄၈ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၁၅၇) ရှိခဲ့ပါတယ်။ ဇန်နဝါရီလအထိ  ICE Brent  ရေနံဈေးက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်စည်ကို ကန်ဒေါ်လာ ၁၁၀ ဒသမ ၅၃ ဈေးဖြစ်ခဲ့ပြီးနောက်၊ စားအုန်းဆီကြမ်း ဈေးလည်း ကျဆင်းလာခဲ့ခြင်းဖြစ်ပါတယ်။ ကွာလမ်လာပူညီလာခံ မှာ ဟင်းသီးဟင်းရွက်ဆီ လေ့လာဆန်းစစ်ပညာရှင် Fry ပြောကြားချက်အရ ရေနံ ရောင်းချမှုမြင့်တက်နေခြင်းက ICE Brent ကြိုပွိုင့်ဈေးကို ဇွန်လမှာ တစ်စည် ကန် ဒေါ်လာ ၇၉ ကို ကျဆင်းနိုင်ပြီး၊ တစ်ဆက်တည်းမှာ စားအုန်းဆီကြမ်းဈေး လည်း တစ်တန်ကန်ဒေါ်လာ ၈၅၀ ကို လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းကျဆင်းမယ်လို့ လေ့လာဆန်းစစ်သူအားလုံးက ခန့်မှန်းခဲ့ခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ စားအုန်းဆီထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ ဝယ်လိုအား ဆက်လက်ကောင်းနေခြင်းတို့ကြောင့် စားအုန်းဆီ ကြမ်းဈေးဟာ ဇန်နဝါရီလမှာရင်းဂစ် ၃၃၀၀ (ကန်ဒေါ်လာ ၁၀၄၂)နဲ့ ဇွန်လမှာ ရင်းဂစ် ၄၀၀၀ (ကန်ဒေါ်လာ ၁၂၆၃)ထိရှိလာနိုင်တယ်လို့ ဟင်းသီးဟင်းရွက်ဆီ လေ့လာဆန်းစစ်သူ Dorab Mistry  က ပြောကြားပါတယ်။                    မလေးရှားနိုင်ငံရဲ့ ဆီအုန်းအဓိက စိုက်ပျိုးတဲ့ဒေသတွေမှာ နောက်သီတင်း ပတ်အနည်းငယ်အတွင်း လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် မိုးသည်းထန်နိုင်တဲ့ အတွက် ဆီအုန်းခူးဆွတ်မှု နှောင့်နှေးနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ နိုဝင်ဘာလကုန်မှာမလေးရှား စားအုန်းဆီလက်ကျန်ဟာ တန်ချိန်၁ ဒသမ ၉ သန်း ခန့်ကို ယခင်လထက် ၉ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဝယ်လိုအား ဆက်လက်ခိုင်မာနေတာ ကြောင့် ဒီဇင်ဘာလ လက်ကျန်ဟာတန်ချိန် ၁ ဒသမ ၈ သန်းဝန်းကျင်ကို ပိုမိုလျော့ကျနိုင်တဲ့အတွက် ဈေးနှုန်း မြင့်တက် နိုင်ခြင်းဖြစ်တယ်လို့ ၎င်းင်းက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။                      လာမယ့် သီတင်းပတ်များမှ ဘာစာမလေးရှား စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၃၁၀၀ (ကန်ဒေါ်လာ ၉၇၉)ရှိနိုင်ပြီး၊ လာမယ့်နှစ် ပထမ ၃ လ အတွင်းမှာ ရင်းဂစ် ၃၅၀၀(ကန်ဒေါ်လာ ၁၁၀၅)အထိ မြင့်တက်လာနိုင် တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ သန့်စင်ပြီး စားအုန်းဆီဈေးဟာ ၅ ဒေါ်လာ ကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၀၉၀ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးမှာ တစ်တန်ရင်းဂစ် ၃၀ (ကန်ဒေါ်လာ ၉ ဒသမ ၄၇)လျော့ပြီး၊ ရင်းဂစ် ၃၂၃၀ (ကန်ဒေါ်လာ ၁၀၂၀)ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com