Main menu

Background

ဝယ်လိုအားကြောင့် ဈေးမြင့်လာတဲ့ ပြည်မြေပဲဆံ

Sun, 11/20/2011 - 10:27 -- Anonymous (not verified)

                    ပြည်ဈေးကွက်ရှိ ဆီစက်သမားများက ဆီကြိတ်ရန်မြေပဲဆံများကို အဝယ် သွက်လို့ ဈေးအနည်းငယ် မြင့်လာတာတွေ့ရပါတယ်။ အောင်လံဘက်မှ တစ်နေ့ အိတ် ၇၀၀ လောက်သာအဝင်ရှိပြီး၊ ဝယ်လိုအားမြင့်လာလို့ ဈေးအနည်းငယ် မြင့်လာတာတွေ့ရပါတယ်။ မြေပဲဆန် (ဆီဆန်) တစ်ပိဿာ ၁၃၅၀ ကျပ်နဲ့ လုံးဆန် တစ်ပိဿာ ၁၇၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ်ပိုလာတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ မြေပဲဆန်အိတ် ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်တာ တွေ့ရပါတယ်။ ဝေေ၀မင်း