ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ဈေးအနည်းငယ် ကျလာ

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်        ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ တန်     ၄၅၂၀၀၀    ၄၄၇၀၀၀၂ မန္တလေး             ၁ ပိဿာ      ၆၉၀         ၆၅၀၃ မုံရွာ                 ၁ ပိဿာ      ၆၈၀         ၆၇၀၄ ပခုက္ကူ              ၁ ပိဿာ      ၆၉၀          ၆၇၀၅ မြင်းခြံ               ၁ ပိဿာ      ၆၄၀          ၆၅၀၆ အောင်လံ           ၁ ပိဿာ     ၆၈၀          ၆၇၅၇ မကွေး              ၁ ပိဿာ      ၆၉၅         ၆၄၀ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် ဝယ်အားပုံမှန်ရှိပေမယ့် ဈေးအနည်းငယ် ကျလာ                      ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက အောက်ဈေးနဲ့ အဆွဲပုံမှန်ရှိသလို ရောင်း သူကုန်သည်များကလည်း ဈေးကွက်အနေအထားအရ ဈေးဆက်လက်ကကျဆင်းမှာကို စိုးရိမ်ပြီး အရောင်းများတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၂၉၀၀၀ ကျပ် မှ အမြင့်ဆုံး ၄၄၇၀၀၀ ကျပ်အတွင်း ၃၇၉၅ တန်ခန့် အရောင်း အဝြယ်ဖစ်ခဲ့ကြောင်း သိရပါတယ။် မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီ ကို ရောင်းလက်ကုန်သည်များက အရောင်းများပေမယ့် အိတ်စပို့ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်နဲ့ ပဲအခွံချွတ်စက်သမားများ က ဈေးကွက်အခြေအနေကိုကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက အကျဘက်မ် ှာရှိနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၅၀ ကျပ် (တစ် တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၄၀၀ ကြားအဝယ် ရှိခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၄၀ ကျပ် (တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၇၀ကျပ်(တစ်တန်ကို ၄၁၀၃၀၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားဝယ်အားပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။အောင်လံဈေးကွက်မှာ ပဲစင်းငုံနီကို လှောင်လက်ကုန်သည် များ ထုတ်ရောင်းမှုများလာသလို ရန်ကုန်အဆွဲကလည်း ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ။် မုံံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်းကုန်သည်တွေပါ အဝယ်အရောင်းရှိခဲ့လို့ ဈေးကွက်သက်ဝင်လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၆၇၀ ကျပ်(တစ်တန်ကို ၄၁၀၃၀၁ ကျပ်)နဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။