ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်တွေက ဈေးချ အဝယ်ရှိနေ
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၁၀၂၅ ၉၆၀၂ မကွေး ၁ ပိဿာ ၉၆၅ ၉၅၀၃ ပခုက္ကူ ၁ ပိဿာ ၁၀၀၀ ၉၅၅၄ မုံရွာ ၁ ပိဿာ ၁၀၀၀ ၉၂၁၅ အောင်လံ ၁ ပိဿာ ၉၆၅ ၉၂၀၆ မြင်းခြံ ၁ ပိဿာ ၁၀၁၀ ၉၅၀၇ ပြည် ၁ ပိဿာ ၉၈၅ ၉၅၅၈ ရေစကြို ၁ ပိဿာ ၉၆၅ ၉၂၀ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက်တွေက ဈေးချ အဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များနဲ့ အမှုန့် ကြိတ်စက်တွေက ဈေးချအဝယ်ရှိပေမယ့် ဝယ်အားတော့ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၆၀ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲ စက်တွေအပြင် အမှုန့်ကြိတ်စက်များပါ ဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မ်မှာှာရှိနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၂၁ ကျပ်(တစ်တန်ကို ၅၆၄၀၁၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မြင်းခြံဈေးကွက်မှာ ကုလားပဲကိုမြို့ခံပဲခွဲစက်တွေက တစ်ပိဿာကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲ ကို ဒေသတွင်းပဲခွဲစက်တွေက တစ်ပိဿာကို ၉၅၀ ကျပ်(တစ်တန်က ၅၈၁၇၇၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မ် ှာ ကုလားပဲကို တက်ဈေးမှာ အရောင်းများခဲ့တဲ့ ရောင်းလက်တွေကတော့ ဒီတစ်ပတ်မှာ အရောင်းနည်းလာသလို မြို့ခံပဲခွဲစက်တွေကလည်း ဝယ်လိုအားပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးတွေကျလာပြီး တစ်ပိဿာကို ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)နဲ့က အရောင်း အဝယ်ဖြစ်မှုနည်းလာတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေကသာ ဝယ်အားအထိုက်အလျောက် ရှိပြီး မျိုးအတွက် ပြန်လည်ဝယ်ယူသူများနဲ့ လိုင်းသမားများအဆွဲပါး သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၉၅၅ ကျပ်(တစ်တန်ကို ၅၈၄၈၃၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
