ကုလားပဲဖြူလုံးကြီး ပစ္စည်းလက်ကျန်နည်းပြီး အရောင်းအဝယ်ဖြစ်မှုလည်း နည်းလာ

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ        ယခင်       ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်            ၁ ပိဿာ       ၁၂၀၀      ၁၂၀၀၂ မန္တလေး                 ၁ ပိဿာ       ၁၁၅၃     ၁၀၄၈၃ မုံရွာ                      ၁ ပိဿာ        ၁၀၉၅    ၁၀၂၆၄ မြင်းခြံ                   ၁ ပိဿာ        ၁၀၂၅     ၁၀၁၀ကုလားပဲဖြူလုံးကြီး ပစ္စည်းလက်ကျန်နည်းပြီး အရောင်းအဝယ်ဖြစ်မှုလည်း နည်းလာ                      မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းသွားပေမယ့် ရန်ကုန်ဝယ် လက်နဲ့ မြို့ခံအမှုန့်ကြိတ်စက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၄၈ ကျပ်(တစ်တန် ကို ၆၄၁၇၈၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။                        မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ပစ္စည်းလက်ကျန် ပြတ်ပြီး ဈေးကွက်မှာ အရောင်းအဝယ်မရှိသလောက် ဖြစ်သွားတယ် လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။                        မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွားလို့ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၁၀ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)နဲ့ တစ်ပတ် အတွင်း အိတ် ၃၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။