နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိသလို သိပ္ပံနှမ်းကိုလည်း ရန်ကုန်အဆွဲ ပုံမှန်ရှိနေ
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၁၉၁၂ ၂၀၀၀နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိသလို သိပ္ပံနှမ်းကိုလည်း ရန်ကုန်အဆွဲ ပုံမှန်ရှိနေ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းးငယ်က်ကျ လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၅၅၆ ကျပ် (တစ်တန်ကို ၉၅၂၈၇၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၄၀၀ ခန့်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မုံရွာဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၄၃၃ ကျပ်(တစ်တန်ကို ၈၇၇၅၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင ် ဈေးအနည်းငယ်မြင့်လာတယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက် မှာ နှမ်းဖြူ (ခြုံကျော်)စကိုသာ မန္တလေးဝယ်လက် အဝယ်ရှိခဲ့ပြီး နှမ်းဖြူ(ရိုးရိုး)စကိုတော့ အဝယ်အေးနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ (ခြုံကျော်စ) တစ်ပိဿာကို ၁၄၉၀ ကျပ် (တစ်တန်ကို ၉၁၂၄၆၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြးီ တစ်ပိဿာကို၂၀၀၀ ကျပ ်(တစ်တန်ကို ၁၂၂၄၇၈၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။
