ပဲတီစိမ်း(အညာ)ကို တရုတ်ကအရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ

ပဲတီစိမ်း(အညာ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်      ယခု  ပြောင်းလဲမှု၁ မုံရွာ                   ၁ ပိဿာ       ၇၈၉     ၇၈၉၂ မန္တလေး             ၁ ပိဿာ       ၇၁၁      ၈၅၃၃ ပြည်                  ၁ ပိဿာ       ၈၂၅     ၇၉၀၄ မကွေး               ၁ ပိဿာ      ၇၉၀      ၈၁၀၅ မြင်းခြံ               ၁ ပိဿာ       ၆၇၅     ၆၇၅၆ အောင်လံ          ၁ ပိဿာ       ၈၇၅      ၉၀၀ပဲတီစိမ်း(အညာ)ကို  တရုတ်ကအရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                  မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီး(လတ်စ)ကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအခွံချွတ်စက်သမားများက အရည်အသွေးပေါ်  မူတည်ပြီးအဝယ်ရှိနေပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၃ ကျပ်(တစ်တန်ကို ၅၂၂၃၆၈ ကျပ်)နဲ့ နေ့စဉ်အိတ်  ၈၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းရွှေဝါ  (အသစ်) တွေလည်း မန္တလေးဈေးကွက်သို့ မတ္တရာ၊ ကျောက်ဆည်နဲ့  မြစ်သား မြို့နယ်များမှ စတင်ဝင်ရောက်လျက်ရှိပြီး တစ်ပိဿာကို  ၉၄၂ ကျပ် (တစ်တန်ကို ၅၇၆၈၇၁ ကျပ်)နဲ့  ဈေးဖွင့်အရောင်းရှိပေမယ့် ဝယ်လက် တွေက အဝယ်အေးလု့ိ အရောင်းအဝယ်သိပ်မဖြစ်သေးဘူးလို့ မြို့ခံ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။မကွေးဈေးကွက်မှာ  ပဲတီစိမ်းကို မန္တလေး-ရန်ကုန်ဝယ်လက်က အဝယ်အေးနေတာကြောင့်  ဈေးနှုန်း သာရြှိပးီ အရောင်း အဝယ်အေးနေကြောင်း သိရပါတယ။်  မုံံရွာဈေး ကွက်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်က အဝယ်ပါးသွားသလို လှောင်လက်ကုန်သည်တွေကလည်း  ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းခဲ့တယ်လို့ ဆိုပါတယ်။  အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၉ ကျပ်(တစ်တန်ကို ၄၈၃၁၇၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀  မှ ၂၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ။် အောင်လံဈေးကွက်မှာတော့ ပဲတီစိမ်းကြီးကို  ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့  နေ့စဉ်အိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။