Main menu

Background

အမေရိကန်ပြောင်းနှင့် ဂျုံ ဝယ်လိုအားကြောင့် ဈေးပြန်တက်

Mon, 11/21/2011 - 06:48 -- Anonymous (not verified)

                   တောင်ကိုရီးယားနိုင်ငံရဲ့ ပြောင်းဝယ်လိုအားကြောင့် အမေရိကန်ပြောင်း ဈေးနှုန်းက ပြန်လည် မြင့်တက်လာခဲ့ကြောင်းနဲ့ ဒီဇင်ဘာလ သင်္ဘောတင်မယ့် ပြောင်း ဈေးနှုန်းက တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၄၆ (တစ်တန်ကို ကန်ဒေါ်လာ ၂၅၄ ဒသမ ၂၇) နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ ချီကာဂိုကုန်သွယ်ရေးမှာ ဂျုံဈေးနှုန်းက မြင့်တက်ခဲ့ပြီး တစ်ဘွယ်ရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၃၃ (တစ်တန်ကို ကန်ဒေါ်လာ ၂၃၂ ဒသမ ၅၆) နဲ့ ချုပ် ဆိုခဲ့ကြောင်း သိရှိရတယ်။ ဒါပေမဲ့ ကောက်ပဲ သီးနှံဈေးနှုန်းတွေက ဥရောပကြွေးမြီအကျပ်အတည်းအပေါ် စိုးရိမ်မှုတွေကြောင့် ဈေးနှုန်းမှာ ဆက်လက်မခန့်မှန်း နိုင်သေးကြောင်း Barclays Capital အရ သိရှိရပါတယ်။ Source: www.commodityonline.com၊ အေးမွန်မွန်လှိုင်